အသက် ၁၉ နှစ်အရွယ် Support ကစားသမားကို ခေါ်ယူလိုက်တဲ့ Dota 2 အသင်း Geek Fam

အသက် ၁၉ နှစ်အရွယ် Support ကစားသမားကို ခေါ်ယူလိုက်တဲ့ Dota 2 အသင်း Geek Fam

Geek Fam အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက အသင်းရဲ့ အတွေ့အကြုံရင့် ကစားသမား တစ်ဦးဖြစ်တဲ့ DuBu တစ်ယောက် အသင်းကနေ ထွက်ခွာသွားပြီဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပါတယ်။ DuBu ထွက်ခွာသွားခြင်းနဲ့အတူ လစ်လပ်သွားတဲ့ DuBu နေရာမှာ ဝင်ရောက်သွားမယ့် ကစားသမား အဖြစ် SEA အခြေစိုက် နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ NinjaBoogie, 343, Raging Potato စတဲ့ ကစားသမားတွေကို ခေါ်ယူသွားဖွယ် ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပေမယ့် Geek Fam ကတော့ မထင်မှတ်ထားတဲ့ ကစားသမား တစ်ဦးကို ခေါ်ယူခဲ့ပါတယ်။

Whitemon

Geek Fam Dota 2 အသင်းရဲ့ Pos 5 နေရာမှာ ဝင်ရောက် ကစားသွားမယ့် ကစားသမားကတော့ အင်ဒိုနီးရှား နိုင်ငံသား အသက် ၁၉ နှစ်အရွယ် Support ကစားသမား Matthew “Whitemon” Filemon ပဲ ဖြစ်ပါတယ်။ Whitemon အနေနဲ့ ပရိုဖက်ရှင်နယ် Dota 2 ကစားသမား ဘဝကို လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကမှ ခံယူခဲ့တာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ အခြေစိုက် EOVS Esports, PG.Barracx စတဲ့ Dota 2 အသင်းတွေမှာ ဝင်ရောက် ကစားခဲ့ဖူးပါတယ်။

Whitemon အနေနဲ့ DuBu ရဲ့ နေရာမှာ အစားထိုး ဝင်ရောက် ကစားသွားမျာ ဖြစ်ပေမယ့် အတွေ့အကြုံ နည်းပါတာကြောင့် Captain/ Drafter ရာထူးကိုတော့ ဝါရင့်ကစားသမား တစ်ဦးဖြစ်တဲ့ Kuku ကို လွှဲပြောင်းပေးအပ်သွားဖွယ် ရှိပါတယ်။

Kuku

Geek Fam Dota 2 အသင်း အနေနဲ့ 2019-2020 DPC ရာသီရဲ့ Minor ပြိုင်ပွဲ နှစ်ခုလုံးမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိခဲ့ပေမယ့် အောင်မြင်ခြင်း မရှိခဲ့တာကြောင့် Whitemon လို နိုင်ငံတကာ ပြိုင်ပွဲ အတွေ့အကြုံ အနည်းအကျဥ်းသာရှိတဲ့ လူငယ်ကစား တစ်ဦးကို ခေါ်ယူခဲ့တာက GeekFam Dota 2 အသင်း အတွက် ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်စေမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports