PUBG Moible ကို ကျော်လွန်ကာ ၂၀၁၉ ခုနှစ်အတွင်း Download ဆွဲသူအများဆုံး ဂိမ်းအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ Free Fire

PUBG Moible ကို ကျော်လွန်ကာ ၂၀၁၉ ခုနှစ်အတွင်း Download ဆွဲသူအများဆုံး ဂိမ်းအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ Free Fire

Free Fire ဆိုတာကတော့ နာမည်ကျော် ဂိမ်းကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Garena မှ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာ မိတ်ဆက်ပေးခဲ့တဲ့ Battle Royale အမျိုးအစား မိုဘိုင်းဂိမ်း တစ်မျိုးပဲ ဖြစ်ပါတယ်။ Freefire မိုဘိုင်းဂိမ်းကို ထုတ်လွှတ်ပြီး တစ်နှစ်ခန့် အကြာ၊ ၂၀၁၉ ခုနှစ် အတွင်းမှာ Garena အနေနဲ့ ပြိုင်ပွဲပေါင်း များစွာကို ကျင်းပခဲ့တာကြောင့် Free Fireမ မိုဘိုင်းဂိမ်းကို ကစားသူဦးရေ တဖြည်းဖြည်းနဲ့ မြင့်တက်လို့ လာခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ ထွက်ပေါ်လာတဲ့ သတင်း အချက်အလက်များအရ Free Fire အနေနဲ့ Battle Royal အမျိုးအစား နာမည်ကျော် မိုဘိုင်းဂိမ်း PUBG Mobile ကို ကျော်လွန်ကာ ၂၀၁၉ ခုနှစ်အတွင်း Download ဆွဲသူ အများဆုံး မိုဘိုင်းဂိမ်းအဖြစ် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

PUBG Mobile

Free Fire မိုဘိုင်ဂိမ်းကို ကစားရန် အတွက် ဖုန်းအကောင်းကြီးတွေ မလိုအပ်သလို Low-End ဖုန်းတစ်လုံးကို အသုံးပြုပြီး အဆိုပါ ဂိမ်းကို ကစားမယ် ဆိုရင်တောင် အဆင်ပြေ ချောမွေ့စွာ ကစားနိုင်ခဲ့မှာ ဖြစ်တဲ့အပြင် တစ်ပွဲကစားရန် အများဆုံး (၁၀) မိနစ်ခန့်သာ ကြာမြင့်တာကြောင့် အခုလို လူဆော့အများဆုံး ဂိမ်းတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Garena အနေနဲ့ နိုင်ငံတကာ ပြိုင်ပွဲကြီး တစ်ခုဖြစ်တဲ့ Free Fire World Cup 2019 ပြိုင်ပွဲကို ပထမဆုံး အကြိမ်အဖြစ် ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းမှာ ကျင်းပနိုင်ခဲ့သလို အဆိုပါ Free Fire World Cup 2019 ပြိုင်ပွဲကို အွန်လိုင်းကနေ တစ်ဆင့် လူဦးရေ တစ်သန်းခန့် ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် Garena အနေနဲ့ Free Fire ပြိုင်ပွဲတွေ အတွက် မက်လောက်စရာ ဆုကြေးငွေတွေကို အသုံးပြုခဲ့တာကြောင့် အခုလို ကစားသမားဦးရေ တဖြည်းဖြည်းနဲ့ မြင့်တက်လာခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Free Fire နည်းတူ အာရှဒေသတွင်းမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့ PUBG Mobile အနေနဲ့လည်း ၂၀၂၀ ခုနှစ် အတွင်းမှာ ကျင်းပသွားမယ့် PUBG Mobile ပြိုင်ပွဲများအတွက် ဒေါ်လာ ၅ သန်းခန့် အသုံးပြုသွားမှာ ဖြစ်တာကြောင့် မြင့်တက်လာတဲ့ ကစားသမားဦးရေ ကျဆင်းသွားခြင်း မရှိအောင် Free Fire အနေနဲ့ ၂၀၂၀ ခုနှစ် အတွင်းမှာ ဘယ်လို အံ့အားသင့်ဖွယ် အစီအစဥ်တွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်သွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: DotEsports