MLBB မှာ ပြန်လည် မြင်တွေ့ရတော့မယ့် Franco

MLBB မှာ ပြန်လည် မြင်တွေ့ရတော့မယ့် Franco

MLBB ပရိသတ်တွေရဲ့ အချစ်တော် Hero တစ်ကောင်ဖြစ်တဲ့ Franco ကို In-Game မှာ မြင်တွေ့ခွင့် မရတာ အခုဆိုရင် တစ်လခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာ Franco ရဲ့ Skill 1 ဖြစ်တဲ့ Iron Hook မှာ Bug အနည်းငယ် ရှိနေတာကြောင့် MLBB Developers တွေ အနေနဲ့ အဆိုပါ Bug ကို ပြန်လည် ပြင်ဆင်ရန် အတွက် Franco ကို MLBB ကနေ ခေတ္တ ထုတ်ပယ်ထားခဲ့ပါတယ်။

ယခုအခါမှာတော့ MLBB မှာ Franco ကို ပြန်လည် မြင်တွေ့ရမယ့် နေ့ရက်ကို Moonton ရဲ့ Brand ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ Aswin Antonie အနေနဲ့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“ပရိသတ် အချစ်တော် Hero တစ်ကောင်ဖြစ်တဲ့ Franco ကို ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ပြန်လည် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လမှာ ဖြစ်ပျက်ခဲ့တဲ့ Bug ကိုလည်း ကျွန်တော်တို့ MLBB Developer တွေ ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်တာကြောင့် အခုလို In-Game မှာ ပြန်လည် ထည့်သွင်းပေးသွားဖို့ အတွက် ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။”

ဒါ့အပြင် Aswin Antonie ရဲ့ ပြောကြားချက်များအရ သိပ်မကြာခင် အချိန်အတွင်းမှာ Moonton အနေနဲ့ MLBB အတွက် Patch Update အသစ်တွေ၊ Skin အသစ်တွေ ထပ်မံ ထုတ်လွှတ်ပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

မကြာသေးခင် အချိန်က နာမည်ကျော် Anime Series တစ်ခုဖြစ်တဲ့ Bleach နဲ့ ပူးပေါင်းပြီး Skin အသစ်တွေ ထုတ်လုပ်ပေးသွားဖွယ် ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့တာကြောင့် ပရိသတ် အချစ်တော် Hero Franco ကို MLBB မှာ ပြန်လည် မြင်တွေ့ရပြီး သိပ်မကြာခင် အချိန်အတွင်းမှာ Skin အသစ်တွေ၊ Patch Update အသစ်တွေကိုလည်း ထပ်မံ မြင်တွေ့ရဖွယ် ရှိတာကြောင့် Mobile Legends ချစ်ပရိသတ်တွေ အတွက် အချိုပေါ် သကာဆင့်တဲ့ နေ့ရက်တွေ သိပ်မကြာခင် အချိန်အတွင်း ရောက်ရှိတော့မှာ ဖြစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

REF: OneEsports