လူစာရင်း အပြောင်းအလဲတွေ ပြုလုပ်ခဲ့တဲ့ Fnatic နဲ့ Orange Rock PUBG Mobile အသင်းများ

လူစာရင်း အပြောင်းအလဲတွေ ပြုလုပ်ခဲ့တဲ့ Fnatic နဲ့ Orange Rock PUBG Mobile အသင်းများ

PMCO တောင်အာရှ လက်ရည်စစ်ပွဲတွေ ပြီးဆုံးပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ အိန္ဒိယနိုင်ငံရဲ့ အထင်ကရ PUBG Mobile အသင်းတွေဖြစ်တဲ့ Fnatic နဲ့ Orange Rock တို့ကတော့ အသင်းရဲ့ ကစားသမား စာရင်းမှာ အပြောင်းအလဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ Fnatic နဲ့ Orange Rock PUBG Mobile အသင်းတို့ အနေနဲ့ PMCO တောင်အာရှ လက်ရည်စစ်ပွဲမှာ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အခုလို ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

Orange Rock Old Rosters

Orange Rock PUBG Mobile အသင်းကတော့ Carry နဲ့ ex1stence တို့ကို အသင်းကနေ ထုတ်ပယ်ခဲ့ပြီး Anto နဲ့ Daljitsk တို့ကို ထပ်မံ ခေါ်ယူခဲ့ပါတယ်။ Anto ဆိုတာကတော့ Godlike PUBG Mobile အသင်းရဲ့ ကစားသမား တစ်ဦးဖြစ်ပြီး Daljistk ဆိုတာတော့ Team IND ရဲ့ အားကိုးရတဲ့ ကစားတစ်ဦးပဲ ဖြစ်ပါတယ်။

Geplaatst door Orange Rock Esports op Woensdag 27 november 2019

ကစားသမား အသစ် နှစ်ဦးလုံး အနေနဲ့ သက်ဆိုင်ရာ အသင်းတွေမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာကြောင့် Orange Rock PUBG Mobile အသင်းမှာလည်း ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

Orange Rock PUBG Mobile အသင်းရဲ့ လက်ရှိ ကစားသမားတွေကတော့‌ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Mavi
  • Sandhu
  • ANto
  • Daljitsk

Esports အဖွဲ့အစည်းကြီး တစ်ခုဖြစ်တဲ့ Fnatic အနေနဲ့ တောင်အာရုဒေသရဲ့ လက်စွမ်း အကောင်းမွန်ဆုံး အသင်းတွေထဲမှာ တစ်သင်း အပါအဝင်ဖြစ်တဲ့ XSpark PUBG Mobile အသင်းသားတွေကို ခေါ်ယူမှုနဲ့အတူ PUBG Mobile လောကထဲကို စတင် ဝင်ရောက်လာခဲ့ပါတယ်။

လက်စွမ်းလက်န ကောင်းမွန်တဲ့ ကစားသမားတွေကို Fnatic ကိုယ်စားပြု ကစားဖို့ အတွက် ခေါ်ယူခဲ့ပေမယ့်လည်း PMCO တောင်အာရှ လက်ရည်စစ်ပွဲမှာ အောင်မြင်ခြင်း မရှိခဲ့တာကြောင့် Fnatic အနေနဲ့ အခုလို ကစားသမား အပြောင်းအလဲ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

Fnatic PUBG Mobile အသင်း အနေနဲ့ Inyourdream ကို လက်ရှိ ကစားသမား စာရင်းကနေ ထုတ်ပယ်ပစ်ခဲ့ပြီး 8bit PUBG Mobile အသင်းရဲ့ အထင်ကရ ကစားသမား Ash ကို အစားထိုး ခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံ PUBG PC လောကရဲ့ အထင်ကရ ပုဂ္ဂိုလ်လည်းဖြစ်၊ Team Raptors PUBG PC အသင်းရဲ့ Captain, In Game Leader လည်းဖြစ်တဲ့ Aurum ကို Fnatic PUBG Mobile အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။

Fnatic PUBG Mobile အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Scoutop
  • Ronak
  • Owais
  • Paritosh
  • Ash
  • Aurum (Coach)

REF: AfkGaming