TNC Dota 2 အသင်းရဲ့ နည်းပြဖြစ်လာခဲ့တဲ့ ကိုရီးယားနိုင်ငံသား ပရိုဖက်ရှင်နယ် Dota 2 ကစားသမား Febby

TNC Dota 2 အသင်းရဲ့ နည်းပြဖြစ်လာခဲ့တဲ့ ကိုရီးယားနိုင်ငံသား ပရိုဖက်ရှင်နယ် Dota 2 ကစားသမား Febby

TNC Dota 2 အသင်း အနေနဲ့ မကြာခင် အချိန်အတွင်းမှာ ကျင်းပသွားမယ့် Dream League Season 13 Leipzig Major ပြိုင်ပွဲကြီး အတွက် နည်းပြတစ်ဦးကို ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။ TNC အနေနဲ့ The International 2019 ပြိုင်ပွဲမှာ နည်းပြဖြစ်သူ Heen ရဲ့ ဦးဆောင်မှုနဲ့အတူ ကောင်းမွန်တဲ့ ရလဒ်တွေကို ပိုင်ဆိုင်နိုင်ခဲ့ပေမယ့် TI 9 ပြိုင်ပွဲကြီး ပြီးဆုံးသွားချိန်မှာ နည်းပြ Heen တစ်ယောက် Team Secret Dota 2 အသင်းကို ပြောင်း‌ရွေ့သွားခဲ့ပါတယ်။

TNC Dota 2

ယခုအခါမှာတော့ TNC Dota 2 အသင်း အတွက် နည်းပြသစ်ကို ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။ TNC Dota 2 အသင်းမှာ နည်းပြအဖြစ် ဝင်ရောက် တာဝန်ထမ်းဆောင်သွားမယ့် ပုဂ္ဂိုလ်ကတော့ ပရိသတ်တွေနဲ့ ရင်နှီးပြီးသား ပရိုဖက်ရှင်နယ် Dota 2 ကစားသမား တစ်ဦးဖြစ်တဲ့ Kim “Febby” Yong Min ပဲ ဖြစ်ပါတယ်။

Febby

Febby ကို နည်းပြအဖြစ် ခန့်အပ်နိုင်ခဲ့တာနဲ့ ပတ်သတ်ပြီး TNC Dota 2 အသင်းဘက်တော့ အခုလိုပဲ ထုတ်ပြန် ကြေငြာသွားခဲ့ပါတယ်။

“ဒုတိယမြောက် Major ပြိုင်ပွဲမှာ အောင်မြင်မှုတွေ စွတ်ခူးနိုင်ဖို့ အတွက် Kim “Febby” Yong Min ကို အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ Febby ရဲ့ အတွေ့အကြုံနဲ့ Dota 2 ဆိုင်ရာ ဗဟုသုတတွေက ကျွန်တော်တို့ အသင်းအတွက် များစွာသော အထောက်အကူ ဖြစ်စေမယ်လို့လည်း ယုံကြည်မိပါတယ်။

ဒါ့အပြင် Febby အနေနဲ့ အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ Kpii, March တို့နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတာကြောင့် TNC Dota 2 အသင်းကို ယခုထက် ပိုမို ကောင်းမွန်တဲ့ အသင်းတစ်သင်း ဖြစ်လာအောင် အသင်းသားတွေနဲ့ အတူတကွ ပူးပေါင်းပြီး စွမ်းဆောင်ပေးနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။”

Heen

TNC အနေနဲ့ ESL One Hamburg 2019၊ 2019-2020 DPC ရာသီရဲ့ ပထမဆုံး Major ပြိုင်ပွဲဖြစ်တဲ့ MDL Chengdu Major စတဲ့ ပြိုင်ပွဲတွေမှာ အနိုင်ရ ဗိုလ်စွဲခဲ့ပေမယ့် Patch Update ထွက်ရှိပြီး နောက်ပိုင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့် နည်းပြအဖြစ် Febby ကို ခန့်အပ်ပြီး အသင်း အင်အား တောင့်တင်းအောင် ပြန်လည် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Sunbhie

ကိုရီးယားနိုင်ငံသား ပရိုဖက်ရှင်နယ် Dota 2 နည်းပြတစ်ဦးဖြစ်တဲ့ Heen အနေနဲ့ Team Liquid နဲ့အတူ The International 2017 ပြိုင်ပွဲကြီးရဲ့ ချန်ပီယံဆုဖလားကို သိမ်းပိုက်နိုင်ခဲ့သလို၊ Sunbhie အနေနဲ့လည်း Team Secret နဲ့အတူ အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့တာကြောင့် Febby တစ်ယောက် TNC Dota 2 အသင်းနဲ့အတူ မကြာခင် အချိန်အတွင်းမှာ ကျင်းပသွားမယ့် Leipzig Major မှာ အောင်မြင်မှုတွေကို စွတ်ခူးသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports