2019-2020 DPC ရာသီရဲ့ တတိယမြောက် Major ပြိုင်ပွဲကို လော့စ်အိန်ဂျလစ်မြို့တော်မှာ ကျင်းပသွားမည်

2019-2020 DPC ရာသီရဲ့ တတိယမြောက် Major ပြိုင်ပွဲကို လော့စ်အိန်ဂျလစ်မြို့တော်မှာ ကျင်းပသွားမည်

2019-2020 DPC ရာသီရဲ့ ပထမဆုံး Minor ပြိုင်ပွဲ တစ်ခုဖြစ်တဲ့ Dota Summit 11 ပြိုင်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သလို လက်ရှိအချိန်မှာ ပထမဆုံး Major ပြိုင်ပွဲကြီးဖြစ်တဲ့ MDL Chengdu ပြိုင်ပွဲကြီးလည်း ပြီးဆုံးဖို့ ရက်ပိုင်းခန့်သာ လိုပါတော့တယ်။ ယခုအခါမှာတော့ ESL Esports အဖွဲ့အစည်းကြီး အနေနဲ့ 2019-2020 ရာသီရဲ့ တတိယမြောက် Dota 2 Major ပြိုင်ပွဲကြီးကို လော့စ်အိန်ဂျလစ် မြို့တော်မှာ ကျင်းပသွားမှာ ဖြစ်တဲ့အကြောင်း တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။

2018-2019 DPC ရာသီတွင်း ESL အနေနဲ့ Major ပြိုင်ပွဲ၊ Minor ပြိုင်ပွဲများကို ကျင်းပခဲ့ခြင်း မရှိပဲ ဖိတ်ခေါ်ပြိုင်ပွဲများကိုသာ ကျင်းပခဲ့ပါတယ်။ ဒါပေမယ့် 2019-2020 DPC ရာသီမှာတော့ Major ပြိုင်ပွဲများကို ပြန်လည် ကျင်းပဖို့ အတွက် ဆုံးဖြတ်ချက် ချလိုက်ပုံပါပဲ။ ESL Esports အဖွဲ့အစည်းကြီး အနေနဲ့ 2019-2020 DPC ရာသီရဲ့ တတိယမြောက် Major ပြိုင်ပွဲကို အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလစ်မြို့တော်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ESL One Los Angeles 2020 မေဂျာကို မတ်လ (၁၅) ရက်နေ့ကနေ (၂၂) ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အုပ်စုအဆင့် ပွဲစဥ်များကို မတ်လ (၁၅) ရက်နေ့ကနေ (၁၉) ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး Main Event ပွဲစဥ်များကိုတော့ မတ်လ (၂၀) ရက်နေ့ကနေ (၂၂) ရက်နေ့အထိ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလစ်မြို့တော်၊ Shrine Auditorium ဖျော်ဖြေရေးရုံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ESL One Los Angeles Major ပြိုင်ပွဲမှာ ပရိုဖက်ရှင်နယ် Dota 2 အသင်း (၁၆) သင်း ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိမှာဖြစ်ပြီး စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ (၁) သန်းနဲ့ DPC Points (15000) ကို ပြိုင်ပွဲဝင် အသင်းတွေကို ခွဲဝေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

1st – USD 300, 000 (DPC 4850 Points)

2nd – USD 160, 000 (DPC 3000 Points)

3rd – USD 110, 000 (DPC 2100 Points)

4th – USD 80, 000 (DPC 1350 Points)

5th – 6th – USD 60, 000 (DPC 900 Points)

7th – 8th – USD 40, 000 (DPC 450 Points)

9th- 12th – USD 20, 000 (DPC 150 Points)

12th- 16th – USD 12, 500 (DPC 100 Points)

ESL L.A Major ပြိုင်ပွဲကြီးမှာ မြောက်အမေရိက ‌ဒေသတွင်း လက်ရည်စစ်ပွဲမှာ အောင်မြင်လာတဲ့ အသင်း (၃) သင်း၊ ဥရောပ ဒေသတွင်း လက်ရည်စစ်ပွဲမှ အောင်မြင်လာတဲ့ အသင်း (၃) သင်း၊ တရုတ်နိုင်ငံ ဒေသတွင်း လက်ရည်စစ်ပွဲမှ အောင်မြင်လာတဲ့ အသင်း (၃) သင်း၊ CIS ဒေသတွင်း လက်ရည်စစ်ပွဲမှ အောင်မြင်လာတဲ့ အသင်း (၂) သင်း၊ အရှေ့တောင်အာရု  ဒေသတွင်း လက်ရည်စစ်ပွဲမှ အောင်မြင်လာတဲ့ အသင်း (၂) သင်း၊ တောင်အမေရိက ဒေသတွင်း လက်ရည်စစ်ပွဲမှ အောင်မြင်လာတဲ့ အသင်း (၂) သင်း၊ တတိယမြောက် Minor ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲမယ့် အသင်း (၁) သင်းတို့ ပါဝင် ယှဥ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ တတိယမြောက် Major ဖြစ်လာမယ့် ESL L.A Major ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်အတွက် လက်ရည်စစ်ပွဲ ကျင်းပသွားမယ့် အချိန်စာရင်း ထွက်ရှိလာခြင်း မရှိသေးပေမယ့် ဒုတိယမြောက် Major ပြိုင်ပွဲကြီး ပြီးဆုံးချိန် ဖေဖော်ဝါရီလ အစောပိုင်းမှာ ကျင်းပသွားဖွယ် ရှိပါတယ်။

REF: OneEsports, VpEsports