100 Thieves အသင်းရဲ့ Bot Lane ကစားသမား “Bang”ကိုခေါ်ယူသွားမှာဖြစ်တဲ့ Evil Geniuses

100 Thieves အသင်းရဲ့ Bot Lane ကစားသမား “Bang”ကိုခေါ်ယူသွားမှာဖြစ်တဲ့ Evil Geniuses

မြောက်အမေရိက အခြေစိုက် Esports အဖွဲ့အစည်းကြီး တစ်ခုဖြစ်တဲ့ Evil Geniuses အနေနဲ့ ပရိုဖက်ရှင်နယ် League of Legends လောကကို တစ်ဖန် ပြန်လည် ဝင်ရောက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ EG အနေနဲ့ ပထမဆုံး LoL အသင်းကို ၂၀၁၃ ခုနှစ် အစောပိုင်း ကာလမှာ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ၂၀၁၅ ခုနှစ်မှာ EG LoL အသင်းကို ဖျက်သိမ်းခဲ့ပါတယ်။

ယခုအခါမှာတော့ ပရိုဖက်ရှင်နယ် LoL လောကထဲကို EG အနေနဲ့ အသစ် တစ်ဖန် ပြန်လည် ဝင်ရောက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အသစ် ပြန်လည် ဖွဲ့စည်းထားတဲ့ EG LoL အသင်းမှာ Bot Lane ကစားသမား အဖြစ် ဝင်ရောက် ကစားသွားဖို့ အတွက် ကစားသစ် တစ်ဦးကိုလည်း ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

EG LoL အသင်းမှာ Bot Lane ကစားသမား အဖြစ် ဝင်ရောက် ကစားသွားမှာကတော့ 100 Thieves LoL အသင်းရဲ့ နာမည်ကျော် ကစားသမား Bae “Bang” Jun Sik ပဲ ဖြစ်ပါတယ်။ Bang အနေနဲ့ LoL ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲကြီးမှာ နှစ်ကြိမ်တိုင်တိုင် အနိုင်ရ ဗိုလ်စွဲခဲ့ဖူးတာကြောင့် အသစ် ပြန်လည် ဖွဲ့စည်းထားတဲ့ EG LoL အသင်းအတွက် များစွာသော အထောက်အကူတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

Bang အနေနဲ့ 2015 World Championship, 2016 World Championship ပြိုင်ပွဲကြီးတွေကို SK Telecom T1 အသင်းနဲ့အတူ အနိုင်ရ ဗိုလ်စွဲခဲ့ပြီး ၂၀၁၉ ခုနှစ် အစောပိုင်းမှာတော့ အတွေ့အကြုံသစ်တွေကို ရှာဖွေဖို့ အတွက် 100 Thieves LoL အသင်းကို ပြောင်းရွေ့သွားခဲ့ပါတယ်။

Bang အနေနဲ့ 100 Thieves အသင်းကို စတင် ပြောင်းရွေ့ခဲ့စဉ် အချိန်က စတင်ပြီး ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရကာ LCS Spring ပြိုင်ပွဲမှာ အဆင့် (၁၀) ၊ LCS Summer ပြိုင်ပွဲမှာ အဆင့် (၈) နဲ့သာ ရပ်တည်နိုင်ခဲ့တဲ့ အထိ ဆိုးဝါးတဲ့ ရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Zeyzal

ဒါကြောင့်လည်း 2019 LoL ရာသီ ပြီးဆုံးချိန်မှာ အသင်းသစ်ဖြစ်တဲ့ EG ကို ပြောင်းရွေ့ဖို့ အတွက် ဆုံးဖြတ်ချက် ချလိုက်ရတာ ဖြစ်ပါတယ်။ Bang အနေနဲ့ အသစ်ဖွဲ့စည်းထားတဲ့ EG LoL အသင်းမှာ Cloud 9 အသင်းရဲ့ ကစားသမားဟောင်းတွေဖြစ်ကြတဲ့ Svenskeren, Zeyzal စတဲ့ ကစားသမားတွေနဲ့ အတူ လက်တွဲ ကစားသွားရမှာ ဖြစ်ပါတယ်။

Svenskeren

ဒါ့အပြင် Evil Geniuses Esports အဖွဲ့အစည်းရဲ့ CEO ဖြစ်သူ Nicole LaPointe Jameson အနေနဲ့ EG LoL အသင်းကို ပြန်လည် ဖွဲ့စည်းခဲ့ရခြင်းရဲ့ ရည်ရွယ်ချက်က LCS ပြိုင်ပွဲမှာ ကာလရှည်ကြာ အနိုင်ရ ဗိုလ်စွဲလျက်ရှိတဲ့ Team Liquid LoL အသင်းကို ဖြုတ်ချဖို့ အတွက်ပဲ ဖြစ်တယ်လို့ ပြောကြားထားတာကြောင့် Bang အနေနဲ့ အသစ် ဖွဲ့စည်းထားတဲ့ Evil Geniuses LoL အသင်းနဲ့အတူ ယခင် အချိန်တွေတုန်းကလို အောင်မြင်မှုတွေကို ပြန်လည် စွတ်ခူးနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports