LoL က Dota 2 ထက် ကစားရတာ ပိုမိုခက်ခဲကြောင်း ပြောကြားလိုက်တဲ့ နာမည်ကျော် LoL ကစားသမား Doublelift

LoL က Dota 2 ထက် ကစားရတာ ပိုမိုခက်ခဲကြောင်း ပြောကြားလိုက်တဲ့ နာမည်ကျော် LoL ကစားသမား Doublelift

Esports လောကရဲ့ နာမည်ကျော် ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်၊ မြောက်အမေရိက အခြေစိုက် နာမည်ကျော် Esports အဖွဲ့အစည်း Team Liquid ရဲ့ ADC ကစားသမား တစ်ဦးလည်းဖြစ်သူ Yilliang “Doublelift” Peng အနေနဲ့ Dota 2 နဲ့ LoL အကြား ကွာဟချက်များနဲ့ ပတ်သတ်တဲ့ ကိုယ်ပိုင် အတွေးအမြင်များကို အခုလိုပဲ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Doublelift

“ကျွန်တော် အတွက်တော့ Dota 2 က LoL နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Hero တွေအကြောင်း၊ မြေပုံတွေအကြောင်း၊ Item Build တွေအကြောင်း နားလည်ဖို့ အတွက် အချိန် အနည်းငယ် ပိုပြီးတော့ အားထုတ်ဖို့ လိုအပ်တာပဲ ရှိတယ်လို့ ရှိတယ်လို့ ထင်မြင်မိပါတယ်။ ကစားသမားတွေရဲ့ ကိုယ်ပိုင် စွမ်းဆောင်ရည် အပိုင်းမှာ၊ Mechanical Skill အပိုင်းမှာတော့ LoL က Dota 2 အဆမတန် ပိုမို သာလွန်တယ်လို့ ထင်မြင်မိပါတယ်။”

နောက်ပြီးတော့ Dota 2 က LoL ထက် သုံးရတဲ့ Spell တွေ ပိုများသွားတာပဲ ရှိတာပါ။ ဒါပေမယ့် LoL လို ချိန်သားကိုက် အသုံးပြုရမယ့် Spell တွေ ပါဝင်ခြင်းမရှိသလို ပွင့်ပွင့်လင်းလင်း ပြောရရင် Dota 2 ကစားသမားတွေရဲ့ Mechanical Skill ကလည်း LoL ကစားသမားတွေလောက် မရှိဘူးလို့ ထင်မြင်မိပါတယ်။

ပြောရမယ်ဆိုရင်ဗျာ Dota 2 က ဂိမ်းအကြောင်းကို နားလည်သွားမယ်ဆိုရင် အလွယ်တကူ ကစားလို့ရတဲ့ ဂိမ်းလို့ပဲ ထင်မြင်မိပါတယ်။ LoL ကတော့ ဂိမ်းအကြောင်းကို နားလည်ဖို့အပြင် တစ်ဦးချင်း စွမ်းဆောင်ရည် ကောင်းမွန်ဖို့လည်း လိုအပ်တဲ့ ဂိမ်းတစ်မျိုး ဖြစ်ပါတယ်။”

ဒါ့အပြင် Doublelift အနေနဲ့ Dota 2 ဂိမ်း အကြောင်းကို ကျွမ်းကျွမ်းကျင်ကျင် နားလည်ထားကြောင်း၊ Public Match တွေမှာ ဝင်ကစားတိုင်းလည်း ပြိုင်ဘက်တွေကို အပြတ်အသတ် အလဲထိုးနိုင်ခဲ့ကြောင်း၊ ပရိုဖက်ရှင်နယ် Dota 2 ကစားသမား အဖြစ် ခံယူသွားဖို့လည်း အရင်ကတည်းက စိတ်ကူးထားခဲ့ခြင်း မရှိကြောင်းကို ဖြည့်စွက် ပြောကြားသွားခဲ့ပါတယ်။

LoL ပရိုဖက်ရှင်နယ် ကစားသမား တစ်ဦး ဖြစ်တာနဲ့အညီ Doublelift အနေနဲ့ LoL ကိုအမွှန်းတင်သွားတာ သိပ်ပြီးတော့လည်း ထူးဆန်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ Doublelift ရဲ့ Dota 2 အပေါ် ထိုးနှက်ချက်တွေကို Dota 2 အကျော်အမော်တွေဘက်က ဘယ်လို တုန့်ပြန်သွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming