နာမည်ကျော် ကစားသမားတွေနဲ့အတူ အသင်းကို ပြန်လည်ဖွဲ့စည်းသွားဖွယ်ရှိတဲ့ Dignitas CSGO

နာမည်ကျော် ကစားသမားတွေနဲ့အတူ အသင်းကို ပြန်လည်ဖွဲ့စည်းသွားဖွယ်ရှိတဲ့ Dignitas CSGO

အမေရိကန်နိုင်ငံ အခြေစိုက် Esports အဖွဲ့အစည်းကြီး တစ်ခုဖြစ်တဲ့ Dignitas အနေနဲ့ CSGO အသင်းကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ၈ လပိုင်းမှာ ဖျက်သိမ်းပစ်ခဲ့ပါတယ်။ ဒါပေမယ့် Dignitas Esports အဖွဲ့အစည်းရဲ့ CEO ဖြစ်သူ Mr. Prindiville ကတော့ မကြာခင် အချိန်အတွင်းမှာ Dignitas CSGO အသင်းကို ပြန်လည် ဖွဲ့စည်းသွားမှာဖြစ်တဲ့ အကြောင်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ အစောပိုင်း ကာလမှာ အတည်ပြု ပေးခဲ့ပါတယ်။

ယခင်အချိန်တွေတုန်းက CSGO လောကမှာ နာမည် တစ်လုံးနဲ့ ရပ်တည်နိုင်ခဲ့တဲ့ Dignitas CSGO အသင်း အနေနဲ့ CSGO လောကထဲ တစ်ဖန် ပြန်လည် ဝင်ရောက် လာချိန်မှာလည်း နာမည်ကျော် ကစားသမားတွေနဲ့ အသင်းကို ပြန်လည် ဖွဲ့စည်းသွားဖို့အတွက် ရည်ရွယ်ထားပုံပါပဲ။

Dignitas 2016

လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ သတင်းအချက်အလက်များအရ Dignitas CSGO အသင်းအနေနဲ့ Nordavind CSGO အသင်းရဲ့ AWP ကစားသမား Hakon “Hallzerk” Fjaerli ကို အစမ်းခန့် ကစားသမား အဖြစ် ခေါ်ယူထားပြီ ဖြစ်သလို ယခင် အချိန်တုန်းက Ninja In Pyjamas CSGO အသင်းနဲ့ အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ Adam “friberg” Friberg, Richard “Xizt” Landstrom, Patrik “f0rest” Lindberg စတဲ့ နာမည်ကျော် ကစားသမားတွေကို ခေါ်ယူသွားဖို့လည်း ညှိနှိုင်းနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

Hallzerk

Friberg အနေနဲ့ လက်ရှိအချိန်မှာ အသင်းလက်မဲ့ အဖြစ် တည်ရှိနေတာကြောင့် Dignitas အနေနဲ့ အဆိုပါ ကစားသမားကို အလွယ်တကူ ခေါ်ယူနိုင်မှာ ဖြစ်ပေမယ့် F0rest ကို ခေါ်ယူဖို့ အတွက် Ninja In Pyjamas CSGO အသင်းနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်သွားရမှာ ဖြစ်သလို Xizt ကို ခေါ်ယူဖို့ အတွက်လည်း Fnatic CSGo အသင်းနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။

Friberg

F0rest, Xizt, Friberg တို့ သုံးဦးဟာ NIP အသင်းနဲ့ အတူ အောင်မြင်မှုပေါင်း များစွာကို သိမ်းပိုက်နိုင်ခဲ့တဲ့ ကစားသမားတွေ ဖြစ်ကြသလို ပြိုင်ပွဲစုံ (၈၃) ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်ကိုလည်း တင်နိုင်ခဲ့ကြတဲ့ ကစားသမားတွေ ဖြစ်တာကြောင့် Dignitas အနေနဲ့ အဆိုပါ ကစားသမား သုံးဦးလုံးကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အခြားသော S-Tier CSGO အသင်းတွေနဲ့ ယှဉ်ပြိုင်ရာမှာ များစွာသော အထောက်အကူတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

Forest

လက်ရှိအချိန်မှာ Dignitas CSGO အသင်းအတွက် လိုအပ်နေတဲ့ ကစားသမား တစ်နေရာအတွက် မည်သည့် ကစားသမားကို ခေါ်ယူသွားမယ် ဆိုတာကို သိရှိရခြင်း မရှိသေးပေမယ့်လည်း F0rest, Xizt, Friberg တို့ သုံးဦးအနေနဲ့ အရင် အချိန်တွေတုန်းက ပြသနိုင်တဲ့ စွမ်းဆောင်ရည်တွေကို ပြန်လည် ပြသနိုင်ခဲ့မယ် ဆိုရင်တော့ Dignitas Esports အဖွဲ့အစည်းရဲ့ CEO ဖြစ်သူ Mr. Prindiville ရည်မှန်းထားတဲ့ အတိုင်း အောင်မြင်တဲ့ CSGO အသင်းကို မကြာမီ အချိန်အတွင်း မြင်တွေ့သွားရဖွယ် ရှိပါတယ်။

Xizt

REF: VpEsports