ပရိုဖက်ရှင်နယ် Dota 2 လောကထဲ ပြန်လည် ဝင်ရောက်လာခဲ့တဲ့ ပရိသတ်အချစ်တော် ကစားသမား Dendi

ပရိုဖက်ရှင်နယ် Dota 2 လောကထဲ ပြန်လည် ဝင်ရောက်လာခဲ့တဲ့ ပရိသတ်အချစ်တော် ကစားသမား Dendi

Dendi လို့ပြောလိုက်တာနဲ့ Dota 2 ချစ်ပရိသတ်တွေ အနေနဲ့ The International 2011 Grand Final ပွဲစဉ်မှာ Enigma, Puck စတဲ့ Hero တွေကို ကိုင်တွယ်ပြီး Ehome ကို အနိုင်ယူ ပြခဲ့တာတွေ၊ The International 2013 Upper Bracket Round 2 ပွဲစဉ်မှာ သူအကြိုက်ဆုံး Hero ဖြစ်တဲ့ Pudge ကို ကိုင်တွယ်ပြီး Fountain Hook တွေ ဆွဲပြခဲ့တာကို ပရိသတ်တွေရဲ့ မျက်လုံးထဲမှာ ပြန်လည် မြင်ယောင်လာမယ်လို့ ထင်ပါတယ်။

Dendi အနေနဲ့ Dota 2 ကစားသမား ဘဝကို စတင် ခံယူစဉ် အချိန် ၂၀၁၀ ခုနှစ် နှောင်းပိုင်း ကာလကတည်းက Natus Vincere (Navi) အသင်းမှာ (၉) နှစ်နီးပါး သစ္စာရှိရှိ ကစားခဲ့ပြီး ၂၀၁၉ ခုနှစ် အစောပိုင်းမှာတော့ SEA အခြေစိုက် Dota 2 အသင်း တစ်ခုဖြစ်တဲ့ Tigers Dota 2 အသင်းကို ပြောင်းရွေ့ ကစားခဲ့ပါတယ်။ Tigers Dota 2 အသင်းနဲ့ အတူ ထင်သလောက် အောင်မြင်မှုတွေကို ရရှိခဲ့ခြင်း မရှိတာကြောင့် CIS ဒေသတွင်း ပရိုဖက်ရှင်နယ် Dota 2 အသင်းတစ်ခုဖြစ်တဲ့ The Pango Dota 2 အသင်းကို ထပ်မံ ပြောင်းရွေ့သွားခဲ့ပါတယ်။

The Pango Dota 2 အသင်းကို ပြောင်းရွေ့ခဲ့ပေမယ့်လည်း အခက်အခဲတွေနဲ့ ထပ်မံ ရင်ဆိုင်ခဲ့ရတာကြောင့် ပရိုဖက်ရှင်နယ် Dota 2 လောကကနေ ခေတ္တခဏ ကွယ်ပျောက်သွားခဲ့ပါတယ်။ ဒါပေမယ့် ပရိုဖက်ရှင်နယ် Dota 2 လောကကို ပြန်လည် ဝင်ရောက် လာဦးမှာဖြစ်ကြောင်းကို Dendi အနေနဲ့ အောက်တိုဘာလ အစောပိုင်း ကာလမှာ ဖြေကြားခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော့် အနေနဲ့ ကိုယ်ပိုင် Dota 2 အသင်းတစ်ခုကို တည်ထောင်သွားဖို့ စိတ်ကူးထားပါတယ်။ ကျွန်တော် တည်ထောင်သွားမယ့် အသင်းမှာ ကစားသမားတွေ အားလုံး ချစ်ချစ်ခင်ခင်၊ ပျော်ရွှင်စွာ တည်ရှိနေဖို့ အတွက်လည်း အစွမ်းကုန် ကြိုးစားသွားမှာပါ။ ကျွန်တော် ရည်မှန်းထားတဲ့/ မျှော်လင့်ထားတဲ့ အသင်းကို တည်ထောင်နိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။”

ယခုအခါမှာတော့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့တဲ့ အတိုင်း ပရိုဖက်ရှင်နယ် Dota 2 လောကကို Dendi အနေနဲ့ နောက်တစ်ကြိမ် ပြန်လည် ဝင်ရောက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူစိတ်ကူးထားသလို ကိုယ်ပိုင် အသင်းတစ်ခုနဲ့ ပြန်လည် ဝင်ရောက်လာခြင်းတော့ မဟုတ်ခဲ့ပါဘူး။

လက်ရှိအချိန်မှာ Dendi ဝင်ရောက် ကစားသွားမယ့် Viet Fashbacks Dota 2 အသင်းကို MDL Chengdu Major လက်ရည်စစ်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက် CIS ဒေသတွင်း နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ Nongrata နဲ့ KingR တို့က ပူးတွဲတည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။

MDL Chengdu Major လက်ရည်စစ်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ Viet Flashbacks Dota 2 အသင်းရဲ့ ကစားသမားတွေကတော့‌ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • TTR (POS – 1)
  • Imba4 (POS – 2)
  • Nongrata (Pos – 3)
  • KingR (Pos – 4)
  • Fishman (Pos – 5)

Viet Flashbacks Dota 2 အသင်း အနေနဲ့ MDL Chengdu Major လက်ရည်စစ်ပွဲမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ခြင်း မရှိတာကြောင့် အသင်းရဲ့ ကစားသမား သုံးဦးကို ထုတ်ပယ်ကာ အခုလို ကစားသမား အသစ်သုံးဦးကို ထပ်မံ ခေါ်ယူဖို့ အတွက် ဆုံးဖြတ်ချက် ချလိုက်တဲ့ ပုံပါပဲ။

Vieth Flashback Dota 2 အသင်းရဲ့ လက်ရှိ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • V-Tune (Pos – 1)
  • Dendi (Pos – 2)
  • Nongrata (Pos – 3)
  • Lebron (Pos – 4)
  • KingR (Pos – 5)
V-Tune

အသက် (၁၉) သာ ရှိသေးတဲ့ V-Tune အနေနဲ့ ပရိုဖက်ရှင်နယ် Dota 2 ကစားသမား ဘဝကို Carry ကစားသမား တစ်ဦးအဖြစ် ဝင်ရောက်ခဲ့စဉ် အချိန်က စတင်ပြီး အောင်မြင်မှု ကြီးကြီးမားမားကို စွတ်ခူးနိုင်ခြင်း မရှိသေးပေမယ့် Hell Raisers အသင်းမှာ အငှားသွားရောက် ကစားခဲ့တဲ့ အချိန်မှာတော့ Dota Summit 11 Minor ပြိုင်ပွဲရဲ့ တတိယဆုကို စွတ်ခူးနိုင်ခဲ့ပါတယ်။

Nongrata

Nongrata အနေနဲ့ ပရိုဖက်ရှင်နယ် Dota 2 ကစားသမား လောကကို စတင်ဝင်ရောက်ခဲ့စဉ် အချိန်က စတင်ပြီး Offlane (Pos – 3) ကစားသမားအဖြစ် ကစားခဲ့သလို Lebron ဆိုတာကလည်း ယခင် အချိန်တုန်းက CIS ဒေသတွင်း အကောင်းဆုံး POS 4 ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင် အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ ကစားသမား တစ်ဦးဖြစ်သလို Na'Vi Dota 2 အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။

Lebron

KingR ဆိုတာကတော့ CIS Dota 2 လောကမှာ Dendi နည်းတူ လူသိများတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး Moscow Five, Elements Pro Gaming, Team Empire, Gambit Esports စတဲ့ အသင်းတွေမှာ ဝင်ရောက် ကစားခဲ့ဖူးတဲ့ ဝါရင့်ကစားတစ်ဦးပဲ ဖြစ်ပါတယ်။

KingR

Viet Flashback Dota 2 အသင်းသားတွေ အနေနဲ့ လက်ရှိအချိန်မှာ အပြင်းအထန် လေ့ကျင့်မှုတွေ ပြုလုပ်နေကြပြီး မကြာမီ အချိန်အတွင်းမှာ ကျင်းပသွားမှာဖြစ်တဲ့ DreamLeague Leipzig Major လက်ရည်စစ်ပွဲနဲ့ WePlay! Bukovel Minor လက်ရည်စစ်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် Dota 2 Legend ကြီး Dendi ရဲ့ ပရိုဖက်ရှင်နယ် Dota 2 လောကကို ပြန်လည် ဝင်ရောက်လာတဲ့ ခရီးလမ်းက ဖြောင့်ဖြူးမလား၊ ဆူးညှောင့်တွေနဲ့ ရင်ဆိုင်ရမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports