ကစားသမား တစ်ဦးတည်းသာ ကျန်ရှိတော့တဲ့ ပရိုဖက်ရှင်နယ် LoL အသင်း DragonX

ကစားသမား တစ်ဦးတည်းသာ ကျန်ရှိတော့တဲ့ ပရိုဖက်ရှင်နယ် LoL အသင်း DragonX

Bot Lane ကစားသမား Kim “Deft” Hyuk Kyu ကလွဲပြီး ၂၀၁၉ ခုနှစ် LoL ရာသီမှာ DragonX အသင်း ကိုယ်စားပြု ပြိုင်ပွဲဝင်ခဲ့ကြတဲ့ ကစားသမားတွေ အားလုံး အသင်းမှာ တည်ရှိနေခြင်း မရှိတော့ကြောင်း DragonX Esports အဖွဲ့အစည်း အနေနဲ့ တရားဝင် ထုတ်ပြန် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် DragonX LoL အသင်းအနေနဲ့ တစ်ဦးတည်းသော ကျန်ရှိနေတဲ့ ကစားသမား Deft ကို ၂၀၂၀ ခုနှစ် LoL ရာသီမှာ DragonX အသင်း ကိုယ်စားပြု ကစားပေးဖို့ အတွက် စာချုပ်သက်တမ်း တိုးလိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေငြာသွားခဲ့ပါတယ်။

Deft အနေနဲ့ ပရိုဖက်ရှင်နယ် ကစားသမား ဘဝကို စတင် ခံယူချိန်က စတင်ပြီး လက်ရှိအချိန်ထိ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပေမယ့် LoL World ချန်ပီယံရှစ် ပြိုင်ပွဲကြီးရဲ့ ဗိုလ်လုပွဲကိုတော့ တက်ရောက်နိုင်ခဲ့ခြင်း မရှိပါဘူး။

2014 World ချန်ပီယံရှစ် ပြိုင်ပွဲကြီးရဲ့ အကြိုဗိုလ်လုပွဲစဉ်ကို Samsung Blue LoL အသင်းနဲ့ အတူ တက်ရောက်နိုင်ခဲ့ခြင်းက Deft အတွက် World Championship ပြိုင်ပွဲ သက်တမ်း တစ်လျှောက် အကြီးမားဆုံး အောင်မြင်မှု တစ်ခုဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်တုန်းကလည်း World Championship ပြိုင်ပွဲ လက်ရည်စစ်ပွဲမှာ အောင်မြင်ခဲ့ခြင်း မရှိတာကြောင့် 2019 LoL World Championship ပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရခဲ့ပါတယ်။

DragonX LoL အသင်းအနေနဲ့ 2018 ခုနှစ်မှာ နာမည်ကျော် Mid ကစားသမားတစ်ဦးဖြစ်တဲ့ Pawn, Support ကစားသမား တစ်ဦးဖြစ်တဲ့ Tusin, Top Lane ကစားသမား တစ်ဦးဖြစ်တဲ့ Raskaca တို့နဲ့အတူ Bot Lane ကစားသမား တစ်ဦးဖြစ်တဲ့ Deft တို့ကို ခေါ်ယူပြီး အသင်းကို ပြန်လည် ဖွဲ့စည်းခဲ့ပေမယ့်လည်း ထင်သလောက် အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိပါဘူး။

2019 LoL ရာသီ ပြီးဆုံးသွားချိန်မှာ Pawn အနေနဲ့ ကစားသမား ဘဝကနေ အနားယူသွားပြီ ဖြစ်တာကြောင့် DragonX LoL အသင်းအနေနဲ့ ကျန်ရှိနေတဲ့ ကစားသမားတွေထဲက Deft တစ်ဦးတည်းကိုသာ ချန်လှပ်ထားခဲ့ပြီး အခြားသော ကစားသမားတွေကို အသင်းကနေ ထုတ်ပယ်ပစ်ခဲ့တာ ဖြစ်ပါတယ်။

DragonX LoL အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

Top – Not Announced

Jungle – Not Announced

Mid – Not Announced

Bot – Kim “Deft” Hyuk Kyu

Support – Not Announced

Coach – Kim “cvMax” Dae Ho

လက်ရှိအချိန်မှာ Bot Lane ကစားသမား Deft နဲ့ နည်းပြကြီး cvMax တို့သာ DragonX LoL အသင်းရဲ့ ကစားသမား စာရင်းမှာ ကျန်ရှိနေတာကြောင့် 2020 LoL ရာသီ မစတင်ခင် အချိန်အတွင်း အသင်းနဲ့ ကိုက်ညီတဲ့ ကစားသမားတွေကို ခေါ်ယူပြီး လာမယ့် ပြိုင်ပွဲရာသီမှာ အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsorts