ပရိုဖက်ရှင်နယ် Dota 2 ကစားသမား ဘဝကနေ စောစီးစွာ အနားယူတော့မယ့် Daxak

ပရိုဖက်ရှင်နယ် Dota 2 ကစားသမား ဘဝကနေ စောစီးစွာ အနားယူတော့မယ့် Daxak

2018-2019 DPC ရာသီရဲ့ ပြိုင်ပွဲအများစုမှာ CIS ဒေသ အခြေစိုက် Esports အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Gambit Esports လက်အောက်ခံ Dota 2 အသင်း အနေနဲ့ ကောင်းမွန်တဲ့ လက်စွမ်းလက်နတွေကို ပြသနိုင်ခဲ့သလို အောင်မြင်မှု အချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Gambit Dota2

ဒါပေမယ့်လည်း Gambit Esports အနေနဲ့ Dota 2 လောကရဲ့ အကြီးမားဆုံး ပြိုင်ပွဲ တစ်ခုဖြစ်တဲ့ The International 2019 မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိခဲ့ခြင်း မရှိခဲ့တာကြောင့် အသင်းရဲ့ နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ Immersion, Daxak, Afoninje, Afterlife တို့ အနေနဲ့ အသင်းကနေ ထွက်ခွာသွားခဲ့ကြပါတယ်။

Gambit Dota 2 အသင်းမှာ Carry Position ကို တာဝန်ယူ ကစားခဲ့တဲ့ Daxak ကတော့ Gambit ကနေ ထွက်ခွာလာပြီး သိပ်မကြာခင် အချိန်အတွင်းမှာ VP Dota 2 အသင်းရဲ့ နည်းပြဟောင်း ArsZeeqq ကိုယ်တိုင် ပြန်လည် ဖွဲ့စည်းထားတဲ့ Winstrkie Dota 2 အသင်းမှာ ဝင်ရောက် ကစားခဲ့ပါတယ်။

Winstrike Dota 2

Winstrike Dota 2 အသင်း အနေနဲ့ 2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Major/ Minor လက်ရည်စစ်ပွဲမှာ ဝင်ရောက် ကစားခဲ့ပေမယ့် အောင်မြင်ခြင်း မရှိခဲ့တာကြောင့် 2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Major ဒါမှမဟုတ် Minor ပြိုင်ပွဲမှာ ယှဥ်ပြိုင်ခွင့် ရရှိခဲ့မယ့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

ဒုတိယမြောက် Major/ Minor လက်ရည်စစ်ပွဲတွေ ပြီးဆုံးပြီး ရက်သတ္တပတ် အနည်းငယ်ခန့် အကြာမှာတော့ Winstrike Dota 2 အသင်းရဲ့ Carry ကစားသမား Daxak အနေနဲ့ သူနဲ့ Mid Lane ကစားသမား MelloJul တို့ကို အသင်းကနေ အနားပေးလိုက်ပြီဖြစ်ကြောင်း ကိုယ်ပိုင် VK စာမျက်နှာကနေ တစ်ဆင့် ကြေငြာသွားခဲ့ပါတယ်။

အသင်းကနေ အနားပေးခံလိုက်ရခြင်းနဲ့ ပတ်သတ်ပြီး Daxak ကတော့ အခုလိုပဲ ရှင်းပြခဲ့ပါတယ်။

“အသင်းကို စတင် ဖွဲ့စည်းခဲ့စဥ် အချိန်က စတင်ကာ ကျွန်တော်တို့ ကစားသမားတွေ အကြားမှာ ပြဿနာ အနည်းငယ် ရှိနေခဲ့ပါတယ်။ ကျွန်‌တော် ကိုယ်တိုင်ကလည်း Winstrike အသင်းကို ရောက်ရှိစဥ် အချိန်ကတည်းက ဒီအသင်းက ကြာရှည်ခံမှာ မဟုတ်လောက်ဘူးလို့ ထင်မြင်မိခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ အကြား ပြဿနာတွေကို ဖြေးဖြေးချင်း ဖြေရှင်းနိုင်ခဲ့တာကြောင့် အချိန်‌ပေးလိုက်ရင် အဆင်ပြေသွားမလားဆိုတဲ့ အတွေးနဲ့ အသင်းမှာ ဆက်နေခဲ့ပါတယ်။

Open Qualifier ကို ကျွန်တော်တို့ အသင်းအနေနဲ့ ကံကောင်းထောက်မစွာနဲ့ အောင်မြင်ခဲ့ပေမယ့်လည်း Major/ Minor လက်ရည်စစ်ပွဲမှာ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အခုလို လက်ရည်စစ်ပွဲမှာ ကျရှုံးခဲ့ရတာ ကစားသမား အားလုံး အပြစ်မကင်းပေမယ့်လည်း ကျွန်‌တော်ကတော့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ချင်မိပါတယ်။ ကျွန်တော် အစွမ်းကုန် ကစားနိုင်ခဲ့ခြင်း မရှိတာကြောင့် အခုလို ကျရှုံးခဲ့ရတာလို့ပဲ ထင်မြင်မိပါတယ်။

နောက်ပြီးတော့ ကျွန်တော် ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းက မှားယွင်းခဲ့တယ်လို့လည်း ထင်မြင်မိပါတယ်။ ဒါကြောင့် အခုအချိန်ကစတင်ပြီး Streamer၊ နည်းပြ၊ အစီအစဥ် တင်ဆက်သူ အဖြစ် ပြောင်းလဲ လုပ်ကိုင်ကြည့်သွားမှာ ဖြစ်ပါတယ်။ အဲဒီအထဲကမှ ကျွန်တော့်အတွက် အဆင်ပြေဆုံး လမ်းကြောင်းကို ရွေးချယ်ပြီး ရှေ့ဆက် လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ တကယ်လို့ ပရိုဖက်ရှင်နယ် Dota 2 ကစားသမား ဘဝကို ပြန်လည် ခံယူဖို့ ယုံကြည်ချက်တွေ ရှိလာခဲ့ပြီ ဆိုရင်တော့ ပရိုဖက်ရှင်နယ် Dota 2 ကစားသမား ဘဝကို ခံယူသွားမှာပါ။”

အခုလို Daxak နဲ့ Mellojul နဲ့ Daxak တို့ကို အသင်းကနေ အနားပေးလိုက်တာကြောင့် Gambit Dota 2 အသင်းမှာ AfterLife (Pos 3) ၊ ALOHADANCE (Pos 4) ၊ RodjER (Pos 5) စတဲ့ ကစားသမား သုံးဦးနဲ့ နည်းပြဖြစ်သူ ArsZeeqq တို့သာ ကျန်ရှိတော့တာကြောင့် လစ်လပ်သွားတဲ့ ကစားသမား နှစ်နေရာ အတွက် ဘယ်သူတွေကို ခေါ်ယူသွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports