CSGOအသင်းသစ်ကို ပြန်လည် ဖွဲ့စည်းလိုက်ပြီဖြစ်တဲ့ CR4ZY

CSGOအသင်းသစ်ကို ပြန်လည် ဖွဲ့စည်းလိုက်ပြီဖြစ်တဲ့ CR4ZY

ခရိုအေးရှားနိုင်ငံ အခြေစိုက် Esports အဖွဲ့အစည်း CR4ZY အနေနဲ့ အဖွဲ့အစည်း လက်အောက်ခံ CSGO အသင်းနဲ့ ကစားသမား အားလုံးကို အမေရိကန်နိုင်ငံ အခြေစိုက် CSGO အသင်း Contact Gaming ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၀ ရက်နေ့မှာ ရောင်းချပြီး CSGO လောကကနေ ကွယ်ပျောက်လို့ သွားခဲ့ပါတယ်။

ယခုအခါမှာတော့ ကစားသမား အသစ်တွေနဲ့ ပြန်လည် ဖွဲ့စည်းထားတဲ့ CR4ZY CSGO အသင်းကို ကြေငြာရင်း CSGO လောကထဲကို နောက်တစ်ကြိမ် ပြန်လည် ဝင်ရောက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ အသစ်ပြန်လည် ဖွဲ့စည်းလိုက်တဲ့ CR4ZY CSGO အသင်းကို ဝါရင့် နည်းပြတစ်ဦးဖြစ်သူ Ivan “Johnta” Shevtsov မှ ဦးစီးသွားမှာဖြစ်ပြီး အဆိုပါ အသင်းမှာ ဘီလာရုစ်နိုင်ငံသား ပရိုဖက်ရှင်နယ် CSGO ကစားသမားတွေ၊ ယူကရိန်းနိုင်ငံသား ပရိုဖက်ရှင်နယ် CSGO ကစားသမားတွေ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အသစ်ပြန်လည် ဖွဲ့စည်းလိုက်တဲ့ CR4ZY CSGO အသင်းရဲ့ ကစားသမားတွေ အနေနဲ့ Project X အမည်ရှိ CSGO အသင်းမှာ အတူတကွ ကစားခဲ့ဖူးကြသလို Project X CSGO အသင်း အနေနဲ့ DreamHack Open Anahein ဥရောပ လက်ရည်စစ်ပွဲမှာ အဆင့် 9th – 16th ၊ CIS Minor လက်ရည်စစ်ပွဲမှာလည်း အဆင့် 5th – 8thဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။

အခုလို CSGO အသင်းသစ်ကို ပြန်လည် ဖွဲ့စည်းလိုက်နိုင်ခြင်းနဲ့ ပတ်သတ်ပြီး CR4ZY Esports အဖွဲ့အစည်းရဲ့ အကြီးအကဲဖြစ်သူ Alen Sola ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“၂၀၁၉ ခုနှစ် အတွင်းမှာ ကျွန်တော်တို့ အဖွဲ့အစည်း အနေနဲ့ အနိမ့်၊ အမြင့် အတက်အကျပေါင်း များစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့်လည်း ၂၀၂၀ ခုနှစ် အတွင်းမှာ ကိုယ်တိုင် သတ်မှတ်ထားတဲ့ အရှိန်တစ်ခုဖြင့် CR4ZY Esports အဖွဲ့အစည်းကို မောင်းနှင်သွားဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ CR4ZY CSGO အသင်းကိုလည်း အရည်အချင်းရှိတဲ့ ကစားသမားတွေနဲ့ ပြန်လည် ဖွဲ့စည်းနိုင်ခဲ့သလို နည်းပြနေရာ အတွက်လည်း Johnta လို အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ခေါ်ယူနိုင်ခဲ့တာ တကယ်ကို ကံကောင်းလှပါတယ်။

Johnta

CR4ZY CSGO အသင်းကို ပြန်လည် ဖွဲ့စည်းလိုက်နိုင်တဲ့ အတွက် တကယ်ကို ပျော်ရွှင်မိသလို ကျွန်တော်တို့ CSGO အသင်းသစ် အနေနဲ့ စိန်ခေါ်မှုတွေကို တွန်းလှန်ပြီး ၂၀၂၀ ခုနှစ် အတွင်းမှာ နေရာတစ်ခု ရရှိလာတဲ့အထိ စွမ်းဆောင်နိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။”

CR4ZY CSGO အသင်း အနေနဲ့ ယခင်အချိန်တွေတုန်းက A-Tier အဆင့်ရှိ CSGO ပြိုင်ပွဲတွေမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပြီး ချန်ပီယံဆုတွေကို စွတ်ခူးနိုင်ခဲ့တာကြောင့် CSGO လောက အထဲကို နောက်တစ်ကြိမ် ပြန်လည် ဝင်ရောက်လာတဲ့ အခါမှာလည်း အောင်မြင်မှုတွေကို ထပ်မံ စွတ်ခူးသွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

CR4ZY CSGO အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Igor “dERZKIY” Radosavlevich
  • Roma “dOBRIY” Rusak
  • Sergey “Sergiz” Atamanchuk
  • Alexandr “Psycho” Zlobin
  • Dmitry “SENSEi” Shvorak
  • Ivan “Johnta” Shevtsov (Coach)

REF: VpEsports