Twitch Platform ကို စွန့်ခွာပြီး Facebook Platform ကို ကူးပြောင်းသွားခဲ့တဲ့ ပရိုဖက်ရှင်နယ် Streamer Corinna

Twitch Platform ကို စွန့်ခွာပြီး Facebook Platform ကို ကူးပြောင်းသွားခဲ့တဲ့ ပရိုဖက်ရှင်နယ် Streamer Corinna

နာမည်ကျော် YouTuber တစ်ဦးလည်းဖြစ်၊ Streamer တစ်ဦးလည်းဖြစ်သူ Corinna Kopf အနေနဲ့ Facebook Streaming Platform ကို ပြောင်းလဲ အသုံးပြုတော့မှာ ဖြစ်ကြောင်း ကိုယ်ပိုင် Twitter စာမျက်နှာကနေ တစ်ဆင့် တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် သူမအနေနဲ့ အခုလို Facebook Streaming Platform ကို ပြောင်းရွေ့ခွင့် ရရှိခဲ့တဲ့ အတွက် အထူးပင် ဝမ်းမြောက်မိကြောင်း၊ Facebook Streaming Platform အနေနဲ့ သူမရဲ့ ရှေ့ဆက်လျှောက်မယ့် ဘဝလမ်းခရီးမှာ များစွာသော အထောက်အကူတွေ ပေးစွမ်းနိုင်မယ်လို့လည်း ယုံကြည်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Corinna Kopf အနေနဲ့ ဒီဇင်ဘာလ အစောပိုင်း ကာလမှာ Twitch Channel မှာ Streaming ပြုလုပ်ခွင့် ရက်ပိုင်းခန့် ဘန်းခံခဲ့ရတာနဲ့ ပတ်သတ်ပြီး မကျေနပ်ကြောင်းကို ထုတ်ဖော် ပြောကြားခဲ့သလို ယခုအခါမှာတော့ Facebook Streaming Platform ကို ပြောင်းလဲ အသုံးပြုဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်ခန့်က Corinna အနေနဲ့ Twitch Channel မှာ Streaming ပြုလုပ်ရင်း အတွင်းခံအင်္ကျီ မတော်တဆ ပေါ်သွားခဲ့တာကြောင့် အခုလို ဘန်းခံခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ခန့်က ကိစ္စကို အချိန်အတော်ကြာမှ အရေးယူခဲ့ခြင်းနဲ့ ပတ်သတ်ပြီး Twtich ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို နားမလည်နိုင်တော့ကြောင်း Corinna အနေနဲ့ ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းခန့်က Super Smash Bros. ပရိုဖက်ရှင်နယ် Streamer တစ်ဦးဖြစ်သူ Gonzalo “ZeRo” Barrios အနေနဲ့ Twitch Platform ကနေ Facebook Platform ကို ပြောင်းရွေ့သွားခဲ့သလို နာမည်ကျော် Streamer တွေ ဖြစ်ကြတဲ့ Ninja, Shroud တို့အနေနဲ့လည်း Streaming Platform အသစ် Mixer ကို ပြောင်းရွေ့သွားခဲ့တာကြောင့် Twtich အနေနဲ့ နာမည်ကျော် Streamer တွေကို ဆုံးရှုံးခဲ့ရသလို ယခုအခါမှာလည်း နောက်ထပ် နာမည်ကျော် Streamer တစ်ဦးဖြစ်တဲ့ Corinna ကို ထပ်မံ ဆုံးရှုံးလိုက်ရပြန်ပြီ ဖြစ်ပါတယ်။

Korinna အနေနဲ့ Facebook Streaming Platform ကို ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပြောင်းလဲ အသုံးပြုမှာ ဖြစ်တာကြောင့် GameJoe ပရိသတ်တွေ အထဲမှာ Korinna ပရိသတ်တွေ ရှိခဲ့မယ်ဆိုရင် သူမရဲ့ Facebook Page ကနေ တစ်ဆင့် တိုက်ရိုက် ကြည့်ရှု အားပေးနိုင်မှာ ဖြစ်ပါတယ်။

Ref: DotEsports