ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ခဲ့တဲ့ ပရိုဖက်ရှင်နယ် Dota 2 အသင်း Cloud 9

ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ခဲ့တဲ့ ပရိုဖက်ရှင်နယ် Dota 2 အသင်း Cloud 9

2019-2020 DPC ရာသီရဲ့ တတိယမြောက် Major ပြိုင်ပွဲ ESL One LA Major လက်ရည်စစ်ပွဲတွေ မစတင်ခင် အချိန်မှာ နာမည်ကျော် Esports အဖွဲ့အစည်း Cloud 9 အနေနဲ့ Skem, Vtfaded, Misery, Flee, Pieliedie စတဲ့ ကစားသမားတွေကို ခေါ်ယူပြီး Dota 2 လောကထဲကို ပြန်လည် ဝင်ရောက်ခဲ့ပါတယ်။

Cloud 9 Dota 2 အသင်း အနေနဲ့ ESL one LA Major လက်ရည်စစ်ပွဲကို အရှေ့တောင်အာရှဒေသကနေ တစ်ဆင့် ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပေမယ့် 2019-2020 DPC ရာသီရဲ့ ကျန်ရှိနေသေးတဲ့ Major/ Minor လက်ရည်စစ်ပွဲတွေကိုတော့ မြောက်အမေရိက ဒေသကနေ တစ်ဆင့်သာ ယှဥ်ပြိုင်သွားမှာဖြစ်ကြောင်း အဲဒီ အချိန်ကတည်းက ကြေငြာသွားခဲ့ပါတယ်။

Cloud 9 Dota 2 အသင်း အနေနဲ့ ပထမဆုံး ဝင်ရောက် ယှဥ်ပြိုင်ခဲ့တဲ့ESL One LA Major လက်ရည်စစ်ပွဲမှာ ကျရှုံးခဲ့ပေမယ့် အချိန်တစ်ခု ကြာမြင့်တဲ့ အထိ လူစာရင်း အပြောင်းအလဲတွေ ပြုလုပ်ခဲ့ခြင်း မရှိပေမယ့် မြောက်အမေရိက ဒေသကို ပြန်လည် ရောက်ရှိပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ အသင်းရဲ့ ကစားသမား စာရင်းမှာ အပြောင်းအလဲ အများအပြားကို ပြုလုပ်ခဲ့ပါတယ်။

Cloud 0 Dota 2 အသင်း အနေနဲ့ Pos 1 ကစားသမားဖြစ်သူ Skem ၊ Pos 2 ကစားသမားဖြစ်သူ VtFaded ၊ Pos 4 ကစားသမားဖြစ်သူ Flee တို့ကို အသင်းကနေ ထုတ်ပယ်ခဲ့ပြီး မကြာသေးခင် အချိန်ကမှ Fighting Pandas Dota 2 အသင်းကနေ ထွက်ခွာလာတဲ့ EternalEnvy နဲ့ Sneyking တို့ကို ခေါ်ယူခဲ့သလို NIP Dota 2 အသင်းကနေ ထွက်ခွာပြီး နောက်ပိုင်း Dota 2 လောကကနေ ကွယ်ပျောက်နေခဲ့တဲ့ Ace ကိုလည်း ခေါ်ယူခဲ့ပါတယ်။

EternalEnvy

Ace အနေနဲ့ ယခင်အချိန်တွေတုန်းက Carry Position မှာသာ ကစားခဲ့ပေမယ့် Cloud 9 မှာတော့ Carry Position အတွက် EternalEnvy ကို တာဝန် လွှဲပြောင်း ပေးအပ်ပြီး Mid Lane ကစားသမား အဖြစ် ပြောင်းလဲ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

ကစားသမား အသစ်တွေနဲ့ Cloud 9 Dota 2 အသင်းကို ပြန်လည် ဖွဲ့စည်းနိုင်ခဲ့ခြင်းနဲ့ ပတ်သတ်ပြီး Cloud 9 Esports အဖွဲ့အစည်းရဲ့ Senior General Manager ဖြစ်သူ Gaylen Malone ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

Sneyking

“EternalEnvy နဲ့ Ace ကိုCloud 9 Dota 2 အသင်း ကိုယ်စားပြု ကစားပေးဖို့ ပြန်လည် ခေါ်ယူနိုင်ခဲ့တဲ့ အတွက် တကယ်ကို ဝမ်းသာမိပါတယ်။ Sneyking အနေနဲ့ Cloud 9 Dota 2 အသင်းမှာ ယခင်အချိန်တွေတုန်းက တစ်ခါမှ ကစားခဲ့ဖူးခြင်း မရှိပေမယ့် သူ့အနေနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်မယ်လို့ ယုံကြည်မိပါတယ်။”

Ace

Cloud 9 Dota 2 အသင်းရဲ့ လက်ရှိ ကစားသမားကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • EternalEnvy – Pos 1
  • Ace – Pos 2
  • Sneyking – Pos 3
  • Misery – Pos 4
  • Pieliedie – Pos 5

REF: VpEsports