Dota 2 လောကထဲကို ပြန်လည် ဝင်‌ရောက် လာဖွယ်ရှိတဲ့ နာမည်ကျော် Esports အဖွဲ့အစည်း Cloud 9

Dota 2 လောကထဲကို ပြန်လည် ဝင်‌ရောက် လာဖွယ်ရှိတဲ့ နာမည်ကျော် Esports အဖွဲ့အစည်း Cloud 9

မြောက်အမေရိက အခြေစိုက် နာမည်ကျော် Esports အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Cloud 9 အနေနဲ့ The International 2017 ပြိုင်ပွဲကြီး ပြီးဆုံးသွားချိန်မှာ Dota 2 အသင်းကို ဖျက်သိမ်းသွားခဲ့ပါတယ်။ Cloud 9 Dota 2 အသင်း အနေနဲ့ The International 2017 မှာ Eternal Envy, FATA, MSS, Aui2000, Pieliedie စတဲ့ နာမည်ကျော် ကစားသမားတွေနဲ့ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပေမယ့်လည်း အဆင့် (13th – 16th) နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

The International 2017 Cloud 9 Rosters

TI 7 ပြီးဆုံးသွားစဥ် အချိန်ကတည်းက Dota 2 လောကကနေ ကွယ်ပျောက်သွားခဲ့တဲ့ Esports အဖွဲ့အစည်း Cloud 9 အနေနဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ကိုယ်ပိုင် Twitter စာမျက်နှာမှာ နာမည်ကျော် Dota 2 Chat Wheel Sound တစ်ခုဖြစ်တဲ့ “Lakad Matatag” ဆိုတဲ့ စာသားကိုတင်ပြီး Dota 2 လောကထဲကို ပြန်လည် ဝင်ရောက် လာနိုင်ကြောင်း အရိပ်အမြွက် ပြသသွားခဲ့ပါတယ်။

တတိယမြောက် Major ပြိုင်ပွဲဖြစ်တဲ့ ESL One Los Angeles Major ကို Cloud 9 Esports အဖွဲ့အစည်း အခြေစိုက်ရာ မြို့တော်ဖြစ်တဲ့ Los Angeles မှာ ကျင်းပသွားမှာ ဖြစ်တာကြောင့် အခုလို Dota 2 လောကထဲကို ပြန်လည် ဝင်‌ရောက်ဖို့ အတွက် ပြင်ဆင်လာခဲ့တာ ဖြစ်နိုင်ပါတယ်။

Fighting Pandas

Eternal Envy ပါဝင်တဲ့ NA အခြေစိုက် Dota 2 အသင်း Fighting PandaS အနေနဲ့ 2019-2020 DPC ရာသီရဲ့ ပထမဆုံး Major ၊ ဒုတိယမြောက် Minor ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ မည်သည့် Esports အဖွဲ့အစည်းကမှ ခေါ်ယူခြင်း မရှိတာကြောင့် Cloud 9 Esports အဖွဲ့အစည်းနဲ့ EE Sama တို့ရဲ့ ပြန်လည် ပေါင်းစည်းခြင်းကို မြင်တွေ့ရမှာလား ဒါမှမဟုတ် ကမ္ဘာ့နေရာအနှံ့အပြားမှာ အသင်း လက်မဲ့ဖြစ်နေတဲ့ နာမည်ကျော် Dota 2 ကစားသမားတွေကို ခေါ်ယူပြီး Cloud 9 Dota 2 အသင်းကို ပြန်လည် ဖွဲ့စည်းသွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports