NIP Dota 2 အသင်းရဲ့ အစွန့်ပစ်ခံ ကစားသမားကို ခေါ်ယူခဲ့တဲ့ NA အခြေစိုက် Dota 2 အသင်း Chaos

NIP Dota 2 အသင်းရဲ့ အစွန့်ပစ်ခံ ကစားသမားကို ခေါ်ယူခဲ့တဲ့ NA အခြေစိုက် Dota 2 အသင်း Chaos

Chaos Dota 2 အသင်း အနေနဲ့ 2019-2020 DPC ရာသီ စတင်စဥ် အချိန်ကတည်းက အသင်းနဲ့ ကိုက်ညီမယ်လို့ ယူဆရတဲ့ Offlane ကစားသမားတွေကို စမ်းသပ် ခေါ်ယူခဲ့ပေမယ့် လက်ရှိအချိန်ထိ အသင်း လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကစားသမားကို ခေါ်ယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း အသင်းနဲ့ ကိုက်ညီတဲ့ Offlane ကစားသမားကို ‌ခေါ်ယူမယ့် စီမံကိန်းကို ပယ်ဖျက်ပြီး Pos 4 နေရာ အတွက် ကစားသမားကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

Biver

Chaos Dota 2 အသင်းရဲ့ Pos 4 နေရာမှာ ဝင်ရောက် ကစားသွားမယ့် ကစားသမားကတော့ NIP Dota 2 အသင်းကနေ ပူပူနွေးနွေး ထုတ်ပယ်ခံထားရတဲ့ Biver ပဲ ဖြစ်ပါတယ်။ Biver အနေနဲ့ Ninjas in Pyjams Dota 2 အသင်းအပြင် Infamous, Team Spirit, Natus Vincere စတဲ့ Dota 2 အသင်းတွေမှာလည်း Pos 4 ကစားသမား အဖြစ် ကစားခဲ့ဖူးတာကြောင့် Chaos Dota 2 အသင်းရဲ့ Pos 4 နေရာမှာ ကောင်းမွန်စွာ ကစားနိုင်မယ်လို့ ထင်မြင်မိပါတယ်။

အခုလို Pos 4 ကစားသမား တစ်ဦးကို ခေါ်ယူခဲ့တာကြောင့် Chaos Dota 2 အသင်းရဲ့ မူလလက်ဟောင်း Pos 4 ကစားသမားဖြစ်သူ MSS ကတော့ Pos 3 (Offlane) နေရာကို ပြောင်းလဲ ကစားသွားမှာ ဖြစ်ပါတယ်။ Chaos Dota 2 အသင်းနဲ့ Offlane ကစားသမားကို အသင်းအပေါ် ဦး‌ဆောင်နိုင်တဲ့ ကစားသမား တစ်ဦးကို ခေါ်ယူဖို့ အတွက် ဆန္ဒရှိခဲ့ကြောင်း၊ ဒါပေမယ့်လည်း ကစားသမား အသစ်တွေ အနေနဲ့ ကျန်ရှိနေတဲ့ ကစားသမားတွေကို ဦးဆောင်ရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရကြောင်း၊ ဒါကြောင့် အခုလို အသင်းရဲ့ မူလလက်ဟောင်း ကစားသမားဖြစ်သူ MSS ကို Offlane Position မှာ ပြောင်းလဲ ကစားရင်း အသင်းကို ထိန်းကျောင်းပေးဖို့ တာဝန် လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

MSS

MSS အနေနဲ့ Dota 2 ကစားသမား ဘဝကို စတင်ခဲ့စဥ် အချိန်ကတည်းက Offlane Position မှာ ကစားခဲ့တာ ဖြစ်တာကြောင့် အခုလို နေရာမှန်ကို ပြန်လည် ရောက်ရှိသွားခဲ့တဲ့ အတွက် ယခုထက် ပိုမို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်မယ်လို့ ယုံကြည်မိပါတယ်။ လက်ရှိအချိန်မှာ Chaos Dota 2 အသင်း အနေနဲ့ LA Major Closed Qualifier မှာ ယှဥ်ပြိုင်လျက် ရှိတာကြောင့် အခုလို Postion အပြောင်းအလဲတွေ ပြုလုပ်ခဲ့ခြင်းက အသင်း အတွက် ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် ဖြစ်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Chaos Dota 2

Chaos Dota 2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Yawar – Pos 1
  • CCNC – Pos 2
  • MSS – Pos 3
  • Biver – Pos 4
  • SVG – Pos 5

REF: OneEsports