Dota Summit 11 မှာ HellRaisers အသင်းကိုယ်စားပြု ကစားပေးသွားမယ့် CemaTheSlayer

Dota Summit 11 မှာ HellRaisers အသင်းကိုယ်စားပြု ကစားပေးသွားမယ့် CemaTheSlayer

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက HellRaisers Esports အဖွဲ့အစည်း အနေနဲ့ အသင်းရဲ့ Pos 4 (Support) ကစားသမား Alohadance ကို လေ့ကျင့်ရေးအတွက် အသင်းနဲ့ လာရောက် ပူးပေါင်းခဲ့ခြင်း မရှိတာကြောင့် အသင်းကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေငြာသွားခဲ့ပါတယ်။ ဒါကြောင့် HellRaisers Dota 2 အသင်းအနေနဲ့ 2019-2020 ရာသီရဲ့ ပထမဆုံး Minor ပြိုင်ပွဲဖြစ်တဲ့ Dota Summit 11 ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် ကစားသမား တစ်ဦးကို ရှာဖွေဖို့ လိုအပ်ခဲ့ပါတယ်။

Dota Summit 11 မှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက် ရက်ပိုင်းသာ လိုအပ်တော့တဲ့ အချိန်မှာတော့ HellRaisers Esports အဖွဲ့အစည်းရဲ့ CEO ဖြစ်သူ Alex Slabukhin အနေနဲ့ Dota Summit 11 မှာ Alohadance ကိုယ်စား အစားထိုး ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် ကစားသမားကို Twitter ကနေတစ်ဆင့် တရားဝင် ကြေငြာပေးခဲ့ပါတယ်။ Dota Summit 11 မှာ HellRaisers အသင်း ကိုယ်စားပြု ကစားပေးသွားမယ့် ကစားသမားကတော့ CemaTheSlayer ပဲဖြစ်ပါတယ်။

CemaTheSlayer ဆိုတာကတော့ CIS ဒေသတွင်း Pos 4 (Support) ကစားသမားတွေထဲမှာ နာမည်ရ ကစားသမား တစ်ဦး ဖြစ်တဲ့အပြင် Vega Squadron, The Pango စတဲ့ အသင်းတွေနဲ့အတူ အောင်မြင်မှုတွေကို ရယူနိုင်ခဲ့တဲ့ ကစားတစ်ဦးပဲ ဖြစ်ပါတယ်။ ဒါကြောင့် မကြာခင် အချိန်အတွင်းမှာ ကျင်းပသွားမယ့် Dota Summit 11 ပြိုင်ပွဲမှာ HellRaisers အသင်းနဲ့အတူ Dota Summit 11 မှာ ‌အောင်မြင်မှုတွေ သိမ်းပိုက်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်မျှော် ကြည့်ရှုရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports