တရားဝင် မိတ်ဆက်ပြီး ၂ လအတွင်းမှာ Dowload ဆွဲသူဦးရေ သန်း ၁၇၀ အထိ မြင့်တက်လာခဲ့တဲ့ Call of Duty Mobile

တရားဝင် မိတ်ဆက်ပြီး ၂ လအတွင်းမှာ Dowload ဆွဲသူဦးရေ သန်း ၁၇၀ အထိ မြင့်တက်လာခဲ့တဲ့ Call of Duty Mobile

Call of Duty ဆိုတာကတော့ PC Gamer တွေ၊ Console Gamer တွေအကြားမှာ ကာလရှည်ကြာ နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ခဲ့တဲ့ First Person Shooter (FPS) ဂိမ်းအမျိုးအစား တစ်ခုပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Mobile Gaming လောက အနေနဲ့ တဟုန်ထိုး တိုးတက် ပြောင်းလဲလာခဲ့ပြီ ဖြစ်တာကြောင့် Gaming ကုမ္ပဏီ အများစု အနေနဲ့ ထိုးဖောက် ဝင်ရောက်လို့ လာခဲ့ကြပါတယ်။

ဒါကြောင့် PC Gaming, Console Gaming လောကရဲ့ နာမည်ကျော် ဂိမ်းကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Call of Duty အနေနဲ့လည်း Call of Duty Mobile စမတ်ဖုန်းဂိမ်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ စတင် မိတ်ဆက်ပေးခဲ့ပြီး Mobile Gaming လောကကို စတင် ဝင်ရောက်လို့ လာခဲ့ပါတယ်။

Call of Duty Mobile ကို စတင် မိတ်ဆက်ပြီး ရက်ပိုင်း အတွင်းမှာ Download ဆွဲသူဦးရေ ၃၅ သန်းအထိ မြင့်တက်လာခဲ့ပြီး ပရိသတ် အများစုရဲ့ ကြိုက်နှစ်သက်ခြင်းကိုလည်း ရယူနိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် Call of Duty Mobile ကို မိတ်ဆက်ပြီး နှစ်လခန့် အကြာမှာတော့ Download ဆွဲ အသုံးပြုသူဦးရေ သန်း ၁၇၀ အထိ မြင့်တက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

Call of Duty Mobile ကို စတင် မိတ်ဆက်ပေးခဲ့တဲ့ အောက်တိုဘာလ အတွင်းမှာ စုစုပေါင်း Download ဆွဲသူဦးရေ ၁၄၆ သန်းရှိခဲ့ပြီး နိုဝင်ဘာလ အတွင်းမှာတော့ Download ဆွဲ အသုံးပြုသူဦးရေ ၂၁ သန်းသာ ရှိခဲ့တာ ဖြစ်ပါတယ်။

COD Mobile Version ‌Download ဆွဲ အသုံးပြုမှု အများဆုံး နိုင်ငံ သုံးနိုင်ငံကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

-        အမေရိကန်နိုင်ငံ (Download ပြုလုပ်မှု ၂၈.၅ သန်း)

-        အိန္ဒိယနိုင်ငံ (Download ပြုလုပ်မှု ၁၇.၅ သန်း)

-        ဘရာဇီးနိုင်ငံ (Download ပြုလုပ်မှု ၁၂ သန်း)

ဒါ့အပြင် Call of Duty Mobile ကို Google Play Store ကန တစ်ဆင့် Download ပြုလုပ်သူဦးရေ ၈၉ သန်း အထိ ရှိခဲ့ပြီး၊ Apple ရဲ့ App Store ကနေ တစ်ဆင့် Download ပြုလုပ်သူဦးရေ ၈၃ သန်းအထိ‌ရှိခဲ့တယ်လို့ သိရပါတယ်။

Call of Duty Mobile ဂိမ်းရဲ့ ထုတ်လုပ်သူ Activision အနေနဲ့ COD Mobile ကို စတင် မိတ်ဆက်ပေးခဲ့တဲ့ အောက်တိုဘာလမှာ ဝင်ငွေအနေနဲ့ ဒေါ်လာ ၅ သန်း ရရှိခဲ့ပြီး နိုဝင်ဘာလမှာတော့ ဒေါ်လာ ၃၁ သန်းခန့် ရရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာ Call of Duty Mobile ဂိမ်း အနေနဲ့ ၂၀၁၉ ခုနှစ်အတွက် Play Store အသုံးပြုသူတွေ အနှစ်သက်ဆုံး Mobile Game ဆုကို စွတ်ခူးနိုင်ခဲ့ပြီဖြစ်သလို ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး Competitive Game တွေ အထဲမှာလည်း တစ်ခု အပါအဝင် အဖြစ် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်တာကြောင့် Garena: Free Fire, PUBG Mobile စတဲ့ ဂိမ်းတွေနည်းတူ Download ဆွဲ အသုံးပြုသူဦးရေ အများဆုံး ဂိမ်းတစ်ခုအဖြစ် ရပ်တည် သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ါပတယ်။

REF: SensorTower