Dota 2 အသင်းကို ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ Esports အဖွဲ့အစည်း Alpha x Hashtag

Dota 2 အသင်းကို ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ Esports အဖွဲ့အစည်း Alpha x Hashtag

Alpha x Hashtag ဆိုတာကတော့ 2019-2020 DPC ရာသီ မစတင်ခင် အချိန်မှာ အရှေ့တောင်အာရှ အခြေစိုက် Esports အဖွဲ့အစည်းကြီး နှစ်ခုဖြစ်တဲ့ ALPHA Red နဲ့ Question Mark တို့ ပူးပေါင်း တည်ထောင်ခဲ့တဲ့ Dota 2 အသင်း တစ်သင်းပဲ ဖြစ်ပါတယ်။

Apha x Hashtag

Alpha x Hashtag Dota 2 အသင်းမှာ SEA အခြေစိုက် နာမည်ကျော် ကစားသမားတွေ၊ အတွေ့အကြုံရင့် ကစားသမားတွေ ပါဝင်တာကြောင့် အောင်မြင်တဲ့ SEA အခြေစိုက် Dota 2 အသင်းတစ်သင်း ထပ်မံ ပေါ်ထွက်လာနိုင်တယ်လို့ ပရိသတ် အများစုက ထင်မှတ်ထားခဲ့ကြပါတယ်။

ဒါပေမယ့်လည်း 2019-2020 DPC ရာသီရဲ့ ပထမြောက် Major/ Minor ပြိုင်ပွဲနဲ့ ဒုတိယမြောက် Major/ Minor ပြိုင်ပွဲ လက်ရည်စစ်ပွဲတွေမှာ အောင်မြင်ခဲ့ခြင်း မရှိသလို အသင်း အနေနဲ့ ဆိုးဝါးတဲ့ ရလဒ်တွေကိုသာ ပိုင်ဆိုင်ခဲ့ရတာကြောင့် အခုလို Alpha x Hashtag Dota 2 အသင်းကို ဖျက်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။

Alpha x Hashtag Dota 2 အသင်းကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်းကို အသင်းရဲ့ Support ကစားသမားဖြစ်သူ Adam “343” Shah အနေနဲ့ ကိုယ်ပိုင် Twitter စာမျက်နှာကနေ တစ်ဆင့် ကြေငြာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် 343 အနေနဲ့ အသင်းသစ် တစ်သင်းကို တည်ထောင်သွားဖို့ အတွက် ကစားသမားတွေကို စုစည်းပြီးသွားပြီဖြစ်ကြောင်း၊ တတိယမြောက် Major/ Minor လက်ရည်စစ်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ကြောင်းကို ပြောကြားသွားခဲ့ပါတယ်။

343 အနေနဲ့ ကိုယ်ပိုင် အသင်းကို တည်ထောင်သွားမှာ ဖြစ်ကြောင်း ကြေငြာသွားခဲ့ပြီ ဖြစ်ပေမယ့် Alpha x Hashtag Dota 2 အသင်းရဲ့ အခြားသော ကစားသမားတွေဖြစ်တဲ့ Meracle, vtFaded, Velo, Poloson စတဲ့ ကစားသမား လေးဦးကတော့ ရှေ့ဆက်လျှောက်မယ့် လမ်းခရီးနဲ့ ပတ်သတ်ပြီး ထုတ်ပြန် ကြေငြာခဲ့ခြင်း မရှိသေးပါဘူး။

Meracle

ဖျက်သိမ်းသွားခဲ့တဲ့ Alpha x Hashtag Dota 2 အသင်းရဲ့ ကစားသမား စာရင်းကတော့‌ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Galvin Kang “Meracle” Jian Wen (Pos – 1)
  • Cheng “vtFaded” Jia Hao (Pos – 2)
  • Kim “Velo” Tae Sung (Pos – 3)
  • Wilson Koh “Poloson” Chin Wei (Pos – 4)
  • Adam “343” Shah (Pos – 5)

REF: VpEsports