Alpha x Hashtag Dota 2 အသင်းမှာ အငှားကစားသမားအဖြစ် ဝင်ရောက် ကစားသွားမယ့် vtFaded

Alpha x Hashtag Dota 2 အသင်းမှာ အငှားကစားသမားအဖြစ် ဝင်ရောက် ကစားသွားမယ့် vtFaded

2019-2020 DPC ရာသီရဲ့ ပထမဆုံး Major ပြိုင်ပွဲဖြစ်တဲ့ MDL Chengdu Major မှာ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ တရုတ်နိုင်ငံ အခြေစိုက် အင်အားကြီး Dota 2 အသင်း တစ်သင်းဖြစ်တဲ့ Ehome အနေနဲ့ အသင်းရဲ့ Carry ကစားသမား vtFaded ကို အသင်းရဲ့ လက်ရှိ လူစာရင်းကနေ ဖယ်ရှားလိုက်ပြီးဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းခန့်က တရားဝင် ကြေငြာသွားခဲ့ပါတယ်။

Ehome အနေနဲ့ MDL Chengdu Major ပြိုင်ပွဲမှာ ပွဲစဉ် (၂) ပွဲသာ အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာရတဲ့ အထိ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အခုလို ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အတွက် Ehome Dota 2 အသင်းရဲ့ မန်နေဂျာဖြစ်သူ Xiao8 (Director 8) ကတော့ အသင်းရဲ့ Mid ကစားသမား 897 နဲ့ Carry ကစားသမား vtFaded တို့ကို အပြစ်တင် ဝေဖန်သွားခဲ့ပါတယ်။

Xiao8 ရဲ့ အပြစ်တင် ဝေဖန်မှုတွေ ခံယူခဲ့ရပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ vtFaded အနေနဲ့လည်း သူ့ကိုအသင်းကနေ ထုတ်ပယ်ပစ်လိုက်ပြီ ဖြစ်ကြောင်းကို တရားဝင် ကြေငြာသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း Ehome Dota 2 အသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာကြောင့် စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ အချိန်အထိ အနားယူသွားမှာ ဖြစ်တယ်လို့ တရားဝင် ကြေငြာသွားခဲ့ပါတယ်။

vtFaded

ဒါပေမယ့်လည်း Ehome Dota 2 အသင်းကတော့ ကျန်ရှိနေတဲ့ စာချုပ်သက်တမ်းမှာ vtFaded တစ်ယောက် အေးအေးဆေးဆေး အနားယူနေတာကို မမြင်ချင်တဲ့ ပုံပါပဲ။ ဒါကြောင့် Ehome အနေနဲ့ SEA အခြေစိုက် Dota 2 အသင်းတစ်ခုဖြစ်တဲ့ Alpha x Hashtag မှာ vtFaded ကို အငှားချဖို့ အတွက် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အပြန်အလှန် အနေနဲ့ Alpha x Hashtag Dota 2 အသင်းရဲ့ Mid ကစားသမားဖြစ်သူ NothingToSay ကို ပြန်လည် ခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့ လက်ရှိ Mid ကစားသမား 897 ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး မကြာမီ အချိန်အတွင်းမှာ ကြေငြာသွားမှာ ဖြစ်တယ်လို့ Ehome အသင်းဘက်က ပြောကြားသွားခဲ့ပါတယ်။

Ehome Dota 2 အသင်းရဲ့ လက်ရှိကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Tbd – Pos 1
  • Cheng “NothingToSay” Jin Xiang – Pos 2
  • Zhang “Faith_Bian” Ruida – Pos 3
  • Zhao “XinQ” Zixing – Pos 4
  • Zhang “Y” Yiping – Pos 5

Alpha x Hastag Dota 2 အသင်းရဲ့ လက်ရှိကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Meracle – Pos 1
  • vtFaded – Pos 2
  • Velo – Pos 3
  • Poloson – Pos 4
  • 343 – Pos 5

မကြာခင် အချိန်အတွင်းမှာ 2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Major ဖြစ်တဲ့ DreamLeague Season 13: The Leipzig Major လက်ရည်စစ်ပွဲတွေ စတင်တော့မှာ ဖြစ်တာကြောင့် အပြန်အလှန် ကစားသမား အပြောင်းအရွေ့တွေ ပြုလုပ်ခဲ့တဲ့ Ehome နဲ့ Alpha x Hashtag Dota 2 အသင်းတွေ အနေနဲ့ လက်ရည်စစ်ပွဲတွေမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports