LGD ကို ‌‌ရောက်ရှိပြီး (၅) ရက်အကြာမှာ အသင်းကနေ ပြန်လည် ထုတ်ပယ်ခံခဲ့ရတဲ့ Ahjit

LGD ကို ‌‌ရောက်ရှိပြီး (၅) ရက်အကြာမှာ အသင်းကနေ ပြန်လည် ထုတ်ပယ်ခံခဲ့ရတဲ့ Ahjit

တရုတ်နိုင်ငံ အခြေစိုက် နာမည်ကျော် Dota 2 အသင်း LGD အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက အသင်းရဲ့ Carry ကစားသမား Ame ကို CDEC Dota 2 အသင်းရဲ့ Carry ကစားသမား Ahjit နဲ့ အလဲအထပ် ပြုလုပ်ခဲ့ပါတယ်။ အခုလို အလဲအထပ် ပြုလုပ်ပြီး ငါးရက်ခန့် အကြာမှာပဲ Ahjit ကို အသင်းကနေ ပြန်လည် ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပါတယ်။

Ame and Ahjit

Ahjit အနေနဲ့ PSG.LGD Dota 2 အသင်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ရောက်ရှိခဲ့တာ ဖြစ်ပေမယ့် PSG.LGD Dota 2 အသင်းရဲ့ ထုတ်ပြန် ကြေငြာချက်များအရ Ahjit အနေနဲ့ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဥ်တွေမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ထုတ်ပြနိုင်ခြင်း မရှိခဲ့တဲ့ အပြင် အသင်းရဲ့ ကစားဟန်နဲ့လည်း ကိုက်ညီခဲ့ခြင်း မရှိခဲ့တာကြောင့် အခုလို အသင်းကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် PSG.LGD Dota 2 အသင်း အနေနဲ့ Ahjit ရဲ့ နေရာမှာ တရုတ်နိုင်ငံသား ပရိုဖက်ရှင်နယ် Dota 2 ကစားသမား ASD ကို အစားထိုးသွားမှာ ဖြစ်တယ်လို့ ကြေငြာသွားခဲ့ပါတယ်။ ASD အနေနဲ့ ပြီးခဲ့တဲ့ 2018-2019 DPC ရာသီမှာ EHome Dota 2 အသင်းနဲ့အတူ Bucharest Minor ပြိုင်ပွဲမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို Team Sirius Dota 2 အသင်းနဲ့အတူ StarLadder ImbaTV Dota 2 Minor ပြိုင်ပွဲမှာလည်း တတိယဆုကို စွတ်ခူးနိုင်ခဲ့ပါတယ်။

ASD အနေနဲ့ တရုတ်နိုင်ငံ အခြေစိုက် အခြားသော Dota 2 အသင်းတွေနဲ့ အတူ အောင်မြင်မှု အနည်းငယ်ကို စွတ်ခူးနိုင်ခဲ့ပေမယ့်လည်း 2017-2018, 2018-2019 DPC ရာသီနှစ်ခု ဆက်တိုက် ဆုဖလားပေါင်း များစွာ သိမ်းပိုက်ခဲ့သလို The International 2018 ပြိုင်ပွဲမှာ ဒုတိယ၊ The International 2019 ပြိုင်ပွဲမှာ တတိယစတဲ့ အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့တဲ့ PSG.LGD Dota 2 အသင်းရဲ့ Carry Position မှာ ဝင်ရောက် ကစားရမှာ ဖြစ်တာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်ရမှာ အသေအချာပါပဲ။

ASD

လက်ရှိအချိန်မှာ PSG.LGD Dota 2 အသင်းအနေနဲ့ ESL One LA Major Open Qualifier မှာ ဝင်ရောက် ယှဥ်ပြိုင်လျက် ရှိတာကြောင့် ASD တစ်ယောက် PSG.LGD Dota 2 အသင်းကို ESL One LA Major မှာ ယှဥ်ပြိုင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးသွားနိုင်မလား ဒါမှမဟုတ် Ahjit နည်းတူ အသင်းကနေ ရက်ပိုင်း အတွင်း ထုတ်ပယ်ခံသွားရမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports