(၇) နှစ်ကြာ နည်းပြခဲ့တဲ့ SK Telecom T1 LoL အသင်းကို စွန့်ခွာသွားခဲ့ပြီဖြစ်တဲ့ နည်းပြကြီး kkOma

(၇) နှစ်ကြာ နည်းပြခဲ့တဲ့ SK Telecom T1 LoL အသင်းကို စွန့်ခွာသွားခဲ့ပြီဖြစ်တဲ့ နည်းပြကြီး kkOma

kkOma ဆိုတာကတော့ ယနေ့ခေတ်မှာ LoL ချစ်ပရိသတ်တွေအပြင်၊ အခြားသော Esports ပရိသတ်တွေ အကြားမှာပါ အထင်ကရ ဖြစ်လာခဲ့တဲ့ ပရိုဖက်ရှင်နယ် LoL အသင်း SK Telecom T1 ကို ပြုစု ပျိုးထောင်ပေးခဲ့တဲ့ နည်းပြကြီး တစ်ဦးပဲ ဖြစ်ပါတယ်။

kkOma အနေနဲ့ ကိုရီးယားနိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် LoL အသင်း SK Telecom T1 အသင်းကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင် ကိုင်တွယ်ခဲ့တာဖြစ်ပြီး kkOma စတင် နည်းပြခဲ့စဉ် အချိန်က စတင်ပြီး SK Telecom T1 အသင်း အနေနဲ့ မရေမတွက်နိုင်တဲ့ အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့ပါတယ်။

kkOma ရဲ့ ဦးဆောင်မှုနဲ့အတူ SK Telecom T1 အသင်း အနေနဲ့ LoL ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲကြီးမှာ သုံးကြိမ်တိုင်တိုင် ဗိုလ်စွဲနိုင်ခဲ့သလို LCK ချန်ပီယံဆုကို ၈ ကြိမ်တိတိ စွတ်ခူးနိုင်ခဲ့တဲ့ အထိ အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့ပါတယ်။

ယခုအခါမှာတော့ LoL လောကရဲ့ အကောင်းဆုံး နည်းပြတွေ အထဲမှာ တစ်ယောက် အပါအဝင် အဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ kkOma အနေနဲ့ (၇) နှစ်တာ နည်းပြခဲ့တဲ့ SK Telecom T1 အသင်းကို စွန့်ခွာသွားတော့မှာ ဖြစ်ပါတယ်။

SK Telecom T1 အသင်းကို စွန့်ခွာသွားခဲ့ပေမယ့် နည်းပြဘဝကနေတော့ kkOma တစ်ယောက် အနားယူသွားမှာ မဟုတ်ပါဘူး။ kkOma အနေနဲ့ SK Telecom T1 အသင်းကို စွန့်ခွာခဲ့ရတဲ့ အဓိက အကြောင်းအရင်းကတော့ LPL ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိတဲ့ တရုတ်နိုင်ငံ အခြေစိုက် Vici Gaming LoL အသင်းကို ပြောင်းရွေ့ဖို့ အတွက်ပဲ ဖြစ်ပါတယ်။

Vici Gaming ဆိုတာကတော့ League of Legends Pro League (LPL) မှာ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ အသင်းတွေ အထဲမှာ အင်အား အနည်းဆုံး အသင်း တစ်သင်း ဖြစ်တာကြောင့် kkOma အနေနဲ့ အသင်းသစ်ကို ရောက်ရှိတဲ့ အချိန်က စတင်ပြီး စိန်ခေါ်မှုပေါင်း များစွာကို ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

ယခင်အချိန်တွေတုန်းကလည်း SK Telecom T1 ကို ယနေ့ခေတ်မှာ နာမည်ကျော်ကြား လူကြိုက်များလာတဲ့ အသင်းတစ်သင်း ဖြစ်လာအောင် kkOma တစ်ယောက် ပြောင်းလဲပစ်နိုင်ခဲ့တာကြောင့် Vici Gaming ကိုလည်း SK Telecom T1 အသင်းလို အောင်မြင်တဲ့ အသင်းတစ်သင်း ဖြစ်လာအောင် ပြန်လည် ပျိုးထောင်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

SK Telecom T1 LoL အသင်း အနေနဲ့လည်း လစ်လပ်သွားတဲ့ နည်းပြနေရာကို အစားထိုးဖို့ အတွက် DAMWON Gaming LoL အသင်းရဲ့ နည်းပြ Kim “Kim” Jeong Soo နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ kkOma လောက် နည်းပြသက်တမ်း မရှိသေးပေမယ့် Kim အနေနဲ့ Longzhu Gaming LoL အသင်းကို 2017 Summer Split ပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲအောင် ကူညီပေးနိုင်ခဲ့သလို Invictus Gaming LoL အသင်းကိုလည်း LoL 2018 ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲကြီးမှာ အနိုင်ရ ဗိုလ်စွဲအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ SK Telecom T1 အနေနဲ့ LoL 2019 ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲကြီးမှာ G2 Esports ကို ရှုံးနိမ့်ပြီး အကြိုဗိုလ်လုပွဲ အဆင့်နဲ့သာ ကျေနပ်ခဲ့ရတာကြောင့် 2020 LoL ရာသီအတွက် ကစားသမား အပြောင်းအလဲ များစွာကို ပြုလုပ်ပြီး ကြိုတင် ပြင်ဆင်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။

Kim

တကယ်လို့ လစ်လပ်သွားတဲ့ နည်းပြရာသီ အတွက် Kim ကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် SK Telecom T1 အသင်း အတွက် များစွာသော အထောက်အကူတွေကို ရရှိနိုင်မှာ ဖြစ်တာကြောင့် SK Telecom T1 အသင်းနဲ့ ထိုက်တန်တဲ့ နည်းပြ တစ်ဦးဦးကို 2020 LoL ရာသီအတွက် ခေါ်ယူနိုင်ခြင်း ရှိမရှိကို ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports