နာမည်ကျော် ကစားသမားတွေ ပါဝင်တဲ့ Dota 2 အသင်းသစ် “4 Euros 1 Murica”

နာမည်ကျော် ကစားသမားတွေ ပါဝင်တဲ့ Dota 2 အသင်းသစ် “4 Euros 1 Murica”

သိပ်မကြာခင် အချိန်အတွင်းမှာ 2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Major, Minor လက်ရည်စစ်ပွဲတွေ စတင်တော့မှာ ဖြစ်တာနဲ့အညီ အသင်းလက်မဲ့ဖြစ်နေတဲ့ နာမည်ကျော် ကစားသမားတွေ အနေနဲ့ အတူတကွ ပူးပေါင်းကာ လက်ရည်စစ်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ အတွက် စီစဉ်လျက် ရှိကြပါတယ်။

Zfreek

4 Euros 1 Murica လို့ အမည်ပေးထားတဲ့ Dota 2 အသင်းသစ်ဟာ ဆိုရင်လည်း ပရိသတ်နဲ့ အကျွမ်းတဝင် ရှိပြီးသား နာမည်ကျော် ကစားသမားတွေ ပါဝင်တဲ့ အသင်း တစ်သင်းပဲ ဖြစ်ပါတယ်။ 4 Euros 1 Muric ဆိုတဲ့ နာမည်အတိုင်း အသင်းမှာ ဥရောပ အခြေစိုက် ကစားသမား ၄ ဦး၊ အမေရိကန်နိုင်ငံ အခြေစိုက် ကစားသမား တစ်ဦး ပါဝင်ပါတယ်။

Madara

4 Euros 1 Murica Dota 2 အသင်းမှာ Dota Summit 11 Minor မှာ အရှက်တကွဲ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် AD Finem အသင်းကနေ နှုတ်ထွက်သွားတဲ့ Carry ကစားသမား Madara ပါဝင်မှာ ဖြစ်သလို အမေရိကန်နိုင်ငံ အခြေစိုက် Complexity Gaming Dota 2 အသင်းမှာ အချိန်ကာလ ကြာမြင့်စွာ အတူတကွ ကစားခဲ့ကြတဲ့ Mid ကစားသမား Chessie ၊ Support (Pos 4) ကစားသမား Zfreek တို့ ပါဝင်မှာ ဖြစ်ပါတယ်။

Chessie

ဒါ့အပြင် Final Tribe, Godsent စတဲ့ အသင်းတွေမှာ Offlane (Pos 3), Support (Pos 5) ကစားသမား အဖြစ် ဝင်ရောက် ကစားခဲ့တဲ့ Xibbe ၊ ပရိုဖက်ရှင်နယ် Dota 2 ကစားသမား ဘဝကို စတင် ခံယူခဲ့စဉ် အချိန်က စတင်ကာ Support Role တစ်မျိုးတည်းကိုသာ သစ္စာရှိရှိ ကစားခဲ့တဲ့ Team Singularity ကစားသမားဟောင်း Peksu တို့ အနေနဲ့ “4 Euros 1 Murica” Dota 2 အသင်းမှာ ဝင်ရောက် ကစားသွားကြမှာ ဖြစ်ပါတယ်။

Xibbe

Peksu အနေနဲ့ အသင်းသစ်ကို ပြောင်းရွေ့ ကစားတော့မှာ ဖြစ်ကြောင်းကို Twitter စာမျက်နှာကနေ တစ်ဆင့် အခုလို ကြေငြာသွားခဲ့ပါတယ်။

“အသင်းသစ်နဲ့ ပူးပေါင်းဖို့ အတွက် မနက်ဖြန်မှာ နေအိမ်ကနေ ထွက်ခွာသွားမှာ ဖြစ်ပါတယ်။ အသင်းသစ်ရဲ့ Bootcamp ကို ရောက်ရှိတာနဲ့ နောက်ကျင်းပသွားမယ့် Major, Minor လက်ရည်စစ်ပွဲတွေမှာ အောင်မြင်မှုတွေ သိမ်းပိုက်နိုင်ဖို့ အတွက် လေ့ကျင့်ခန်းတွေ အပြင်းအထန် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Peksu

Team Singularity Dota 2 အသင်းကိုလည်း အတူရှိနေခဲ့တဲ့ ကာလတစ်လျှောက် များစွာသော အကူအညီတွေ ပေးခဲ့တဲ့ အတွက် တကယ်ကို ကျေးဇူးတင်မိပါတယ်။ အသင်းသစ်နဲ့ ပတ်သတ်ပြီး တိကျသေချာတဲ့ အချက်အလက်တွေကို မကြာခင် အချိန်အတွင်း ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။”

4 Euros 1 Murica Dota 2 အသင်းမှာ ဘယ်ကစားသမားက ဘယ် Position မှာ ကစားသွားမယ် ဆိုတာကို လက်ရှိအချိန်ထိ တိတိကျကျ သိရှိရခြင်း မရှိသေးပေမယ့် ဖြစ်နိုင်ခြေရှိတဲ့ ကစားသမား Position တွေက အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Omar “Madara” Dabachach (Pos – 1)
  • Rasmus “Chessie” Blomdin (Pos – 2)
  • Andreas “Xibbe” Ragnemalm (Pos – 3)
  • Zakari “Zfreek” Freedman (Pos – 4)
  • Petu “Peksu” Vaatainen (Pos – 5, Captain)

REF: VpEsports