DreamHack Open Winter 2019 ပြိုင်ပွဲကနေ နှုတ်ထွက်သွားပြီဖြစ်တဲ့ CSGO အသင်း 100 Thieves

DreamHack Open Winter 2019 ပြိုင်ပွဲကနေ နှုတ်ထွက်သွားပြီဖြစ်တဲ့ CSGO အသင်း 100 Thieves

DreamHack Open Winter 2019 ဆိုတာကတော့ A-Tier အဆင့်ရှိ CSGO ပြိုင်ပွဲတစ်ခုပဲ ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲကို ဆွီဒင်နိုင်ငံ၊ Jonkoping မြို့တော်၊ Elmia Convention Center မှာ နိုဝင်ဘာလ ၂၉ ရက်နေ့ကနေ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

DreamHack Open Winter 2019 ပြိုင်ပွဲမှာ Direct Invite အသင်း ၅ သင်း၊ FEL Season 7 မှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ အသင်း ၁ သင်း၊ ဥရောပ လက်ရည်စစ်ပွဲကနေ အောင်မြင်လာတဲ့ အသင်း ၁ သင်း၊ ဆွီဒင် လက်ရည်စစ်ပွဲကနေ အောင်မြင်လာတဲ့ အသင်း ၁ သင်း၊ စုစုပေါင်း အသင်း (၈) သင်း ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ (၁) သိန်း ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

DreamHack Open Winter 2019 ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထားတဲ့ အသင်းတွေကတော့‌ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

·         CR4ZY (Direct Invite)

·         100 Thieves (Direct Invite)

·         forZe (Direct Invite)

·         FURIA Esports (Direct Invite)

·         Heroic (Direct Invite)

·         SJ Gaming (FEL Season 7)

·         Tricked Esport (European Qualifier)

·         MARSKALK (Swedish Qualifier)

ဒါပေမယ့် DreamHack Winter 2019 ပြိုင်ပွဲကြီး စတင်ဖို့ ၁ ပတ်ခန့်သာ လိုတော့တဲ့ အချိန်မှာ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းလည်းဖြစ်၊ ကမ္ဘာ့အဆင့် (၅) နေရာမှာ ရပ်တည်နေနိုင်တဲ့ အသင်းလည်းဖြစ်တဲ့ 100 Thieves CSGO အသင်းအနေနဲ့ ပြိုင်ပွဲကနေ နှုတ်ထွက် သွားခဲ့ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေငြာ သွားခဲ့ပါတယ်။

100 Thieves အနေနဲ့ ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့ရတဲ့ အကြောင်းအရင်းကို အတိအလင်း ကြေငြာသွားခြင်း မရှိပေမယ့် ဒီဇင်ဘာလ (၃) ရက်နေ့မှာ စတင်ကျင်းပသွားမယ့် S-Tier ပြိုင်ပွဲ ESL Pro League Season 10 Finals ပြိုင်ပွဲမှာ အောင်မြင်မှုတွေ စွတ်ခူးနိုင်ဖို့ အတွက် လေ့ကျင့်ချိန် ပိုမို ရရှိစေရန် အခုလို နှုတ်ထွက်သွားတာ ဖြစ်နိုင်ပါတယ်။

အခုလို 100 Theives CSGO အသင်း အနေနဲ့ ရုတ်တရက် ပြိုင်ပွဲကနေ နှုတ်ထွက်သွားခဲ့ပေမယ့် DreamHack Counter Strike အဖွဲ့အစည်းကတော့ 100 Theives နေရာမှာ အစားထိုး ယှဉ်ပြိုင်သွားမယ့် အသင်းကို အလျှင်အမြန်ပဲ ရှာဖွေနိုင်ခဲ့ပါတယ်။

DreamHack Open Winter 2019 ပြိုင်ပွဲမှာ 100 Thieves နေရာ အစားထိုး ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် အသင်းကတော့ နာမည်ကျော် ကစားသမား တစ်ဦးဖြစ်သူ Maikelele ပါဝင်တဲ့ Godsent CSGO အသင်းပဲ ဖြစ်ပါတယ်။

Godsent အနေနဲ့ CSGO အသင်းကို Smash Esports ရဲ့ ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ kRYSTAL, Maikelele, STYKO, zeHN, maden စတဲ့ ကစားသမားတွေနဲ့ နိုဝင်ဘာလာ ၁၄ ရက်နေ့မှာ ပြန်လည် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Godsent CSGO အသင်းကို ပြန်လည် ဖွဲ့စည်းပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ A-Tier ပြိုင်ပွဲတစ်ခုဖြစ်တဲ့ WePlay! Forge of Masters Season 2 ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲနိုင်ခဲ့တာကြောင့် မကြာမီ အချိန်အတွင်းမှာ ကျင်းပသွားမယ့် DreamHack Open Winter 2019 ပြိုင်ပွဲမှာလည်း အောင်မြင်မှုတွေကို စွတ်ခူးနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports, VpEsports1